အခန်း ၁၇

1.3K 189 8
                                    

အခန်းတံခါးကို တစ်ယောက်ယောက်က လာခေါက်နေသံကိုကြားလိုက်ရတာမို့ ညကြီးသန်းခေါင် လန့်ပြီး နိုးလာမိတယ်။

အစကတည်းက နေရာအသစ်မှာအိပ်ရလို့ အိပ်လို့မပျော်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာလည်းမဟုတ်တော့ အခန်းတံခါးကို လာခေါက်သံကြားတာနဲ့ အပေါ်ထပ်ဝတ်ရုံကို ကိုယ်ပေါ်မှာ ရုံလိုက်ပြီး တံခါးကိုဖွင့်ကြည့်လိုက်တယ်။

နိုင်နိုင်းက ကြယ်ရောင်တွေနဲ့ လင်းလက်နေတဲ့ ကောင်းကင်အောက်မှာ မတ်တပ်ရပ်နေပြီး သူ့မျက်လုံးတွေကလည်း နီဆွေးလို့ လက်ထဲမှာလည်း အခုချိန်ထိ အိပ်ပျော်နေသေးတဲ့ ကောက်ညှင်းထုပ်လေးကို ပွေ့ချီထားသေးတယ်။

အခန်းထဲကထွက်လာတဲ့ ငါ့ကိုတွေ့လိုက်တော့ ကျုံ့နေတဲ့သူ့မျက်မှောင်တွေက နည်းနည်းတော့ ပြေလျော့သွားသယောင်ပဲ။

"မနေ့က နတ်ဘုရားမပြောတော့ အရှင်မင်းသားလေးက ညသန်းခေါင်လောက် နိုးလာမယ်ဆိုလို့... ဒါပေမဲ့အခုထိ သူနိုးလာမယ့်အရိပ်အယောင် တစ်ခုတောင်မမြင်ရသေးဘူး" လို့ စိုးရိမ်ပူပန်နေတဲ့ အသံနဲ့ နိုင်နိုင်းကပြောရှာတယ်။

"နောက်ပြီး အရှင်မင်းသားလေးရဲ့မျက်နှာက ပိုပိုပြီးရဲရဲလာသလိုပဲ။ နတ်ဘုရားမကို နှောင့်ယှက်မိသလိုဖြစ်သွားရင် ကျွန်တော်မျိုးမတောင်းပန်ပါတယ် နတ်ဘုရားမ။ ဒါပေမဲ့ ကျွန်တော်မျိုးမ တကယ်စိုးရိမ်မိလို့ပါ"

နိုင်နိုင်းရဲ့စကားကြောင့် အိပ်မှုန်စုံမွှားဖြစ်နေတဲ့စိတ်တွေ တစ်ဝက်လောက်ပျောက်သွားတယ်။ နိုင်နိုင်းလက်ထဲမှာ အိပ်ပျော်နေတဲ့ ကောက်ညှင်းထုပ်လေးကို ပွေ့ချီပြီး ကုတင်ပေါ် အမြန်ပြေးတင်းချိန် နိုင်နိုင်းကလည်း အခန်းထဲကို အမြန်ဝင်လာပြီး ဖယောင်းတိုင်မီးကို အသင့်ထွန်းပေးထားတယ်။

ကုတင်ပေါ်မှာအိပ်ပျော်နေဆဲရှိနေသေးတဲ့ ကောက်ညှင်းထုပ်လေးရဲ့ လက်တွေခြေထောက်တွေကို စမ်းကြည့်လိုက်တော့ ကောက်ညှင်းထုပ်လေးခန္ဓာကိုယ်က ကိုယ်ထဲမှာတက်နေတဲ့ အရက်ရှိန်ကိုပြန်ကျအောင် လုပ်နေတာပဲဆိုတာ သိလိုက်ပြီးမှပဲ စိတ်ထဲမှာ သက်သာရာရသွားမိတော့တယ်။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now