အခန်း ၂၁

1.4K 180 8
                                    

၈ လပိုင်း ၅ ရက်မြောက်နေ့မှာ ဆောင်းလယ် ရာသီပွဲတော်တွေ ကျင်းပကြတယ်။ ကွမ်ဟန်နန်းတော်မှာ ချက်လုပ်ထားတဲ့ ရေမွှေးပန်းသေရည်ဟာ သောက်ဖို့အသင့်အနေအထားမှာ ရှိနေခဲ့ပြီး လနတ်ဘုရားမ ချန်အယ့်က သေရည်ကရားတွေအမြောက်အများ စီစဉ်လို့ နန်းတော်တွေအားလုံးကို ပို့သစေခဲ့တယ်။

ရှီဝူနန်းတော်ဆီ ပို့သလာတဲ့ သေရည်တစ်ကရားကို နွေးနွေးလေးဖြစ်သွားအောင် ပြန်နွှေးလို့ ရဲ့ဟွာ လူ့ပြည်ကိုမဆင်းခင် နှုတ်ဆက်တဲ့အနေနဲ့ ၂ ယောက်အတူထိုင်ရင်း တစ်ခွက်တဖလားလောက် အတူသောက်ကြတယ်။

အစကတော့ ရဲ့ဟွာနဲ့အတူ လူ့ပြည်ကိုဆင်းပြီး အနားမှာ နီးနီးကပ်ကပ်နေရင်း စောင့်ရှောက်ပေးဖို့ လုပ်ထားပေမယ့် ရဲ့ဟွာက ငါ့အကြံကို လက်သင့်မခံဘဲ ချင်းချိုးမှာပဲ အတင်းနေခိုင်းပြီး ချင်းချိုးကနေပဲ သူ့ကိုစောင့်နေဖို့ ပြောတယ်။

လူ့ပြည်မှာ တစ်ခုခုဖြစ်လာခဲ့ရင် သူ့ကိုကာကွယ်ဖို့ မှော်ပညာထုတ်သုံးမိရင်း တန်ပြန်သက်ရောက်မှုဒဏ်ကို ခံလိုက်ရမှာစိုးလို့ သူနဲ့အတူ မလိုက်ခိုင်းတာဖြစ်မယ်ထင်တယ်။

ဒါကြောင့် ရဲ့ဟွာမသိအောင် အစီစဉ်တစ်ခုကို ကြိတ်ပြီး စီစဉ်လိုက်တယ်။

ရဲ့ဟွာ စိတ်ချသွားရအောင် ချင်းချိုးကိုပြန်မယ်လို့ အယောင်ဆောင်ထားလိုက်ပြီး မေ့ဖျောက်ခြင်းမြစ်ရေကို သူသောက်ပြီးလို့ လူအသွင်ပြောင်းသွားပြီဆိုတာနဲ့ ပုန်းနေရာက ထွက်လာပြီး ရဲ့ဟွာနောက်က လိုက်သွားလိုက်မယ်။

တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ ဒါတွေအားလုံးက သဘာဝပါပဲလေ။

သူတို့အဆင်ပြေ နေကောင်းဖို့ကိုပဲ တွေးပူတတ်ကြတာပဲ။ ကိုယ်ချစ်တဲ့သူ အဆင်ပြေကျန်းမာတယ်ဆို ကိုယ်လည်း နေထိုင်လို့ကောင်းတာပဲ မဟုတ်လား။

အချစ်နဲ့ပတ်သက်ပြီး ထူးဆန်းအံ့ဩဖို့ကောင်းတာကလည်း အဲဒီအချက်ပဲ။

တစ်ယောက်ယောက်က ကိုယ့်နှလုံးသားထဲမှာ ရှိနေပြီဆိုရင် ကြုံဆုံရတဲ့ အခက်အခဲတွေ၊ ကြမ်းတမ်းမှုတွေဆိုတာ ချိုမြိန်တဲ့ ပင်ပန်းဆင်းရဲမှုတွေအဖြစ် ပြောင်းသွားကြတယ်။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now