အခန်း ၅

1.7K 237 28
                                    

မင်ဂုပေးလိုက်တဲ့ သစ်ခက်လေးလည်း ပျောက်သွားပြီ။ မိုးကလည်း တဖြည်းဖြည်းနဲ့ မှောင်လာပြီ။ ငါ့ရဲ့ကံကောင်းမှုလေးတွေအားလုံးကို အရှေ့ပင်လယ်ကနေ မမှောင်ခင်ထွက်လာဖို့ သုံးခဲ့ပြီးပြီဆိုတော့ ချင်းချိုးကို နေမထွက်ခင်ပြန်ရောက်မယ်လို့ မျှော်လင့်ချက်မထားနေတော့ဘူး။

အရှေ့ပင်လယ်မှာ ပင်လယ်လမ်းမကြီး ၄ ခုရှိပြီး လမ်းတစ်ခုဆီက နောက်တစ်နေရာကိုပေါက်တယ်။ ဟိုးမြေခွေးပေါက်စလေးကတည်းက မြေကြီးပေါ်မှာကြီးပြင်းခဲ့တဲ့သူဆိုတော့ ဒီပင်လယ်လမ်းမ ၄ ခုက ငါ့အတွက်တော့ ဘယ်လမ်းဖြစ်ဖြစ် အတူတူချည်းလိုပဲ။
လမ်းတစ်လမ်းကိုရွေးပြီး ထွက်သွားလိုက်တာ နောက်ဆုံးပင်လယ်ထဲက ထွက်လိုက်တော့မှ အရှေ့ဘက်ကိုပြန်ထွက်တဲ့လမ်းမဟုတ်ဘဲ မြောက်ဘက်ဆီပေါက်တဲ့ လမ်းကိုမှ ရွေးပြီးလျှောက်လာမိမှန်း သိလိုက်ရတယ်။

လက ကောင်းကင်မှာထိန်ထိန်သာနေတယ်။
စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြနေရင်းနဲ့ပဲ အရှေ့ပင်လယ်ရဲ့ မြောက်ဘက်ကမ်းခြေတစ်ခုက သန္တာကျောက်တန်းတစ်ခုပေါ်ထိုင်ချလိုက်တယ်။
လာရာလမ်းအတိုင်းပြန်လှည့်ပြီး အရှေ့ပင်လယ်ဘက်ကို ပြန်သွားလို့ရပေမယ့် လမ်းမှာရဲ့ဟွာနဲ့မတော်တဆ ထပ်တွေ့မလားဆိုတာ မသိနိုင်တာမို့ မစွန့်စားရဲဘူး။
ဒီညတော့ ဒီနေရာမှာပဲနေလိုက်ပြီး မနက်ရောက်တော့မှ ဘာဆက်လုပ်ရမလဲ တွေးတာ ပိုကောင်းမှာပဲ။

၄ လပိုင်းဆိုတာ အမွှေးကြိုင်ဆုံးနဲ့ အစိမ်းလန်းဆုံးလတစ်လလို့ ပြောရမယ်။
နေ့ပိုင်းတွေမှာ ပူနွေးပေမယ့်လို့ ညဘက်ဆိုရင်တော့ နည်းနည်းအေးချင်တယ်။
င်္အကျီပါးပါးလေးပဲဝတ်ထားမိတဲ့အတွက် ပင်လယ်ကတက်လာတဲ့ အဖြူရောင်မြူတွေကြောင့် ၃ ခါဆက်တိုက် နှာချေလိုက်မိပြီးတဲ့နောက်တော့ သန္တာကျောက်တန်းပေါ်က ခုန်ဆင်းလိုက်ပြီး တောထဲမှာပဲသွားနေဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ဒီတောက ကျန်းယန်ရဲ့ဆယ်မိုင်မက်မွန်တောနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပေမယ့် တောထဲက သစ်ပင်တွေက ရှည်ပြီး ဖုထစ်လိမ်ကျစ်နေတဲ့ သစ်ကိုင်းတွေနဲ့ ထူပိန်းနေတဲ့ သစ်ရွက်တွေကြောင့် လေဒဏ်ကို ကာကွယ်ပေးတဲ့အပြင် အထဲကို အလင်းရောင်လည်းမပေါက်နိုင်ဘူး။

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now