အကိုလေး ကျန်းယန်ကိုကူဆောက်ပေးတဲ့ သက်ကယ်မိုးထားတဲ့တဲလေးက ကျောက်စိမ်းရေကန်ဘေးမှာ ဒယီးဒယိုင်နဲ့ ရှိနေတုန်းပဲ။ မက်မွန်တောအုပ်ကိုလာတိုင်း ဒီတဲမှာနေနေကြပဲ။ တောအုပ်ကို ပုံမှန်လာနေကျ အချိန်တွေကတည်းက ဒီတဲက ပြိုကျလုနီးဖြစ်နေခဲ့တာ။ နှစ်ထောင်သောင်းကြာအောင် တိုက်ခဲ့တဲ့လေတွေ၊ ရွာခဲ့တဲ့မိုးတွေ၊ ထိုးခဲ့တဲ့နေတွေက တဲလေးရဲ့အလှကို ပျောက်ကွယ်သွားစေပေမယ့် တဲလေးကတော့ ဒီနေရာမှာ ရှိနေဆဲပဲ။
တဲထဲမှာ လင်းသွားဖို့ ညလင်းပုလဲကို ထုတ်လိုက်တယ်။ ပစ္စည်းအားလုံးကို ကျန်းယန်တစ်ယောက် အသေးစိတ်နေရာချထားပြီး တဲထဲမှာရှိတဲ့ အိပ်ရာလေးကိုလည်း ငါ့အကြိုက်ပြင်ပေးထားတာကို ညလင်းပုလဲရဲ့ အလင်းရောင်ကြောင့် မြင်လိုက်ရတယ်။
ကျောက်ထယ်တစ်ခုကို တံခါးဘေးကနံရံမှာ ထောင်ထားတာတွေ့လိုက်ရတယ်။ ငယ်ငယ်တုန်းက မြေကျင်းတွေတူးပြီး မက်မွန်ပင်တွေစိုက်ဖို့ သုံးခဲ့တဲ့ထယ်ပေါ့။ ထယ်ကိုနောက်တစ်ခါ ကိုင်ကြည့်လိုက်တယ်။ မြေကြီးထဲမြှုပ်ထားတဲ့ သေရည်နှစ်ပုလင်းက စိတ်ထဲကကိုမထွက်နိုင်သေးဘူး။
ကောင်းကင်ဘုံကိုးထပ်က လမင်းက ပုံမှန်နဲ့မတူ လုံးဝန်းနေတယ်။ လမင်းရောင်ကြောင့် ကျန်းယန်ပြောတဲ့ ဂျင်းပင်ရိုင်းကိုလွယ်လွယ်ပဲ ရှာတွေ့သွားတယ်။
ကျောက်ထယ်ကိုသုံးပြီး အပင်အောက်က မြေကြီးကိုတူးလိုက်တာ ကံကောင်းစွာနဲ့ပဲ မြေသားဝါဝါတွေကြားထဲကနေ ဂျင်းပင်ရိုင်းအရွက်ပေါ် အစိမ်းရောင်အလင်းတန်းတွေ ရိုက်ခတ်နေတဲ့ ကျောက် သေရည် ၂ ပုလင်းကို တွေ့လိုက်ရတယ်။ ပုလင်းတွေကိုဝမ်းသာအားရ ဆွဲထုတ်လိုက်ပြီး လက်ထဲမှာပွေ့ထားရင်းနဲ့ တဲခေါင်မိုးပေါ်ကို ခုန်တက်လိုက်တော့ တဲတောင်နည်းနည်းခါသွားတယ်။
ညလေညှင်းက တဲခေါင်မိုးပေါ်မှာအေးအေးမြမြနဲ့ တိုက်ခတ်နေပြီး ချမ်းစိမ်စိမ့်ဖြစ်လာတယ်။ စမ်းတဝါးဝါးနဲ့ အဖုံးကို ဘယ်လိုဖွင့်ရမလဲကြိုးစားပြီးတဲ့နောက်မှာတော့ ပုလင်းတစ်လုံးပွင့်သွားပြီး ဆယ်မိုင်မက်မွန်တောအုပ်ရဲ့ ဝိုင်အနံ့က အနားမှာမွှေးပျံ့သွားတယ်။
YOU ARE READING
သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများ
Romance"ရဲ့ဟွာ ကျွန်မရှင့်ကို လက်လွှတ်လိုက်တော့မယ်။ ရှင်လည်း ကျွန်မကို လက်လွှတ်လိုက်သင့်ပြီ။ ကျွန်မတို့ကြားမှာ တစ်ယောက်အပေါ် တစ်ယောက် အကြွေးတင်တာတွေ မရှိတော့ဘူး" "ကိုယ်တို့ တစ်ယောက်ပေါ်တစ်ယောက် ပြန်ပေးဆပ်စရာတွေ ဘယ်လောက်များလဲ တွက်ကြည့်က...