အခန်း ၁၆

1.4K 192 3
                                    

ကောင်းကင်နန်းတော်ကို ရောက်သွားတော့ ကောင်းကင်ဘုံကိုးထပ်ရဲ့ တောင်ဘက်တံခါးပေါက်မှာ ဘယ်တံခါးစောင့်မှ စောင့်ကြပ်နေတာကိုမတွေ့ရဘဲ တလက်လက်တောက်ပနေတဲ့ အဝါနဲ့ အနက်ရောင် အစင်းကျားတွေအပြည့်နဲ့ ကျားကြီးတွေပဲ တောင်ဘက်တံခါးနဲ့ ခပ်လှမ်းလှမ်းတစ်နေရာမှာ အိပ်နေတာတွေ့လိုက်ရတယ်။ တစ်ချက်လောက် လှမ်းကြည့်လိုက်ရုံံနဲ့ အဲဒီကျားကြီးတွေဟာ သာမာန်ဝိညာဉ်သတ္တဝါလေးတွေမဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့်တွေ အများကြီး ကျင့်ကြံပြီးမြောက်ထားတဲ့ ဝိညာဉ်သတ္တဝါတွေဆိုတာ သိသာလွန်းတယ်။

"ကျွန်မတို့ချင်းချိုးမှာဆို အစောင့်တွေအများကြီးတော့မထားပေမယ့် မင်ဂုတစ်ယောက်ကိုတော့ ချင်းချိုးအပေါက်ဝမှာ စောင့်ကြပ်ခိုင်းထားသေးတယ်"

ယပ်တောင်ကို လက်နဲ့ခေါက်ရင်း ရဲ့ဟွာကို စလိုက်တယ်။

"ရှင်တို့ရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ ဘုံဗိမ္မာန်ကြီးမှာ ကျားလေးနည်းနည်းလောက်ကို တံခါးစောင့်လုပ်ခိုင်းထားတာပါလို့တော့ ကျွန်မကိုလာမပြောနဲ့နော်"

"ဒီနေ့ တာအိုလမ်းစဉ်အကြောင်း ဆွေးနွေးပွဲမှာ သက်တော်ရှည်တာအိုမင်းသားတစ်ပါးက တာအိုလမ်းစဉ်တွေအကြောင်း ဆွေးနွေးဟောပြောနေတယ်။ အစောင့်တွေအားလုံး အဲဒီပွဲကို ရောက်နေကြလို့ဖြစ်မယ်" လို့ ရဲ့ဟွာက မျက်မှောင်ကြုံ့ကြုံနဲ့ ပြန်ပြောပြီး ငါ့ကိုလှည့်ကြည့်လို့ ခပ်တိုးတိုးရယ်ရင်း

"ချန်ချန် မင်းလူ့ပြည်မှာ ယွမ်ကျန်းရဲ့ ကြမ္မာဆိုးအတွက် သွားကူညီပေးရတုန်းက ယွမ်ကျန်းနဲ့ နေ့တိုင်းဆိုသလို တာအိုလမ်းစဉ်အကြောင်းတွေ ဆွေးနွေးကြတယ်လို့ ကိုကြားဖူးတယ်။ ဒီလိုဆို တာအိုလမ်းစဉ်နဲ့ပတ်သက်ပြီး မင်းအတော်လေး နှံ့နှံ့စပ်စပ်သိမှာပဲ။ ဒီသက်တော်ရှည်တာအိုမင်းသားကြီးက တာအိုလမ်းစဉ်နဲ့ ပတ်သက်ပြီး သူနဲ့ အပြန်အလှန် ဆွေးနွေးနိုင်မယ့်သူမျိုး ကောင်းကင်ဘုံမှာတစ်ယောက်တောင် မရှိဘဲ လူတိုင်းရဲ့အထက်မှာ နေနေရတာ သူ့မှာ ဘယ်လောက်တောင် အထီးကျန်လွန်းပြီး ပင်ပန်းလှပါတယ်လို့ ကို့ကို ခဏခဏလာလာညည်းပြနေတာ... အခု မင်းလည်း ကောင်းကင်ဘုံနန်းတော်ကို ရောက်လာတာနဲ့ အခွင့်ကြုံနေတော့ မင်းနဲ့ သက်တော်ရှည်တာအိုမင်းသားကြီးတို့ နှစ်ယောက် တာအိုလမ်းစဉ်အကြောင်း ဆွေးနွေးကြပါလား"

သုံးဘဝ သုံးကမ္ဘာ : ဆယ်မိုင်မက်မွန်ပန်းပွင့်လေးများWhere stories live. Discover now