အပိုင်း(၁)(Unicode)

6.4K 222 0
                                    

"စီမံကိန်းတစ်ခုအတွက် စည်းဝေးပွဲသွားရင်း ရန်ကုန်မြို့မှစီးပွားရေးလုပ်ငန်းရှင်တစ်ဦး မတော်တဆမှုဖြစ်ပွား"

"ဟားဟား..."
သတင်းစာခေါင်းကြီးပိုင်းကိုဖတ်ပြီး မိုးတိမ်ထွဋ်အားရအောင်ရယ်မောလိုက်တော့သည်။

"ကျွန်တော်တို့ဘာဆက်လုပ်ကြမလည်း Boss"
မိုးတိ်မ်ထဋ်ရဲ့ သက်တော်စောင့်ဖြစ်သလို အတွင်းရေးမှူးလည်း ဖြစ် ညီအစ်ကိုဝမ်းကွဲလည်းဖြစ်တဲ့ ဓနကျော် က မေးလိုက်သည်။ဓနကျော်က မိုးတိမ်ထွဋ်ထက် ၁နှစ်နီးပါးလောက်တော့ငယ်သည်။

"ဟား..ဘာဆက်လုပ်ရမလည်းကွ ပြိုင်ဘက်ကင်းတဲ့ စည်းဝေးပွဲကို သွားကြတာပေါ့ ဟားဟား"
မိုးတိမ်ထွဋ်က သူ့ရဲ့ပြိုင်ဘက်မှန်သမျှကို အနုနည်း အကြမ်းနည်း နည်းမျိုးစုံသုံးကာပထုတ်တတ်သည်။အခုလည်း တေဇလင်းဆိုတဲ့ကောင်က မိုးတိမ်ထွဋ်နဲ့ယှဉ်ပြီး စီမံကိန်းတစ်ခုကို ရဖို့ကြိုးစားနေသည်။မိုးတိမ်ထွဋ်က ပိုက်ဆံပေးပြီး အသာတကြည် နောက်ဆုတ်ခိုင်းပေမယ့် နောက်မဆုတ်ဘဲ ခေါင်းမာနေ၍ မိုးတိမ်ထွဋ်လည်း လုပ်ကြံခိုင်းလိုက်သည်။

မိုးတိမ်ထွဋ်ဆိုတဲ့လူသားအတွက် ချစ်ခြင်းမေတ္တာ သနားတာတွေ ကိုယ်ချင်းစာတာတွေ နည်းနည်းမှမရှိပေ။အောင်မြင်မှု ကြီးပွားချမ်းသာမှုလမ်းကို လျှောက်မယ် လမ်းလာပိတ်တဲ့ ဘယ်အရာမဆို ရတဲ့နည်းနဲ့ဖြေရှင်းတတ်သည်။

"ကျွန်တော်တို့ စီမံကိန်းကို သင့်တော်ပြီး ယုံကြည်ရတဲ့သူနဲ့သာ စာချုပ်ချုပ်ချင်ပါတယ်
ဒါကြောင့် သင့်တော်တဲ့လူကို လူကြီးမင်းတို့ိိုကိုယ်တိုင်ရွေးချယ်ပါ"

တေဇလင်းမပါ၍ ရလဒ်က မိုးတိမ်ထွဋ်ဆိုတာ ရှင်းလင်းနေသည်။

"ဒီစီမံကိန်းကို ကိုမိုးတိမ်ထွဋ်တာဝန်ယူရင် ကျွန်တော်တို့ရှယ်ယာဝင်ဖို့ အဆင်သင့်ပါဗျ"

"ကျွန်မတို့လည်း အဆင်သင့်ပါပဲရှင့်"

"ကဲ အဲဒါဆိုရင် ဒီစီမံကိန်းကို ကိုမိုးတိမ်ထွဋ်နဲ့ စာချုပ်ချုပ်ပါတော့မယ်"

"ဖြောင်း..ဖြောင်း.!.."

မိုးတိမ်ထွဋ်လည်း ဂုဏ်ယူတဲ့အပြုံးနဲ့မိန့်မိန့်ကြီးထိုင်နေလိုက်သည်။

At the end of the hate(Completed) Where stories live. Discover now