အပိုင်း(၂၄)(Unicode)

1.1K 82 7
                                    

မုန့်ဘူးတွေနှင့်ဝင်လာသော ဝန်ထမ်းကိုမြင်တော့ ရောင်နီရှိုင်းလည်း သက်ပြင်းချလိုက်မိသည်။

"ဒီလူကြီးကတော့ တကယ်ပါပဲ"

စားပွဲပေါ်သို့ရောက်လာသော မုန့်တွေကိုကြည့်လိုက်တော့ မုန့်ထုပ်တွေကြားထဲက စာရွက်လေးကို တွေ့လိုက်သည်။
ထိုစာရွက်ကို စိတ်မဝင်စားပေမယ့် ရောင်နီရှိုင်းရဲ့လက်ထဲမှာတော့ ထိုစာရွက်က ဖွင့်လျက်ဖြစ်နေပြီ။

"Good morning"

စာရွက်ထဲက အပန်းရောင်စာလုံးလေးတွေကိုမြင်သည်နှင့်​ရောင်နီရှိုင်းလည်း မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်သည်။လက်ထဲက စာရွက်ကိုလည်း လုံးချေပြီး လွှင့်ပစ်လိုက်သည်။

ခန့်ဇာနည်ကတော့ ဆရာ့ရဲ့စိတ်အခြေနေထက် စားပွဲပေါ်က မုန့်ထုပ်တွေကို ပိုစိတ်ဝင်းစားနေသည်။ဒီလောက်အများကြီးဝယ်ပြီး
လာပို့ခိုင်းပုံကိုကြည့်ခြင်းအားဖြင့် ကိုမိုးတိမ်ထွဋ်ရဲ့အချစ်က နည်းတော့မနည်းကြောင်း ခန့်ဇာနည်ခန့်မှန်းမိသည်။သူစိမ်းယောကျာၤးလေးတစ်ယောက်က တစ်ခြားကောင်လေးတစ်ယောက်ကို လိုတာထက်ပိုပြီးတွယ်ကပ်နေရင်ဖြစ်စေ ဂရုစိုက်နေသည်ဖြစ်စေ သူတို့တွေဖွင့်မပြောရင်တောင် ခန့်ဇာနည်ကတော့ သူတို့ကြားမှာ အချစ်ရှိနေပြီဟု ယုံကြည်ထားသည်။အခုလည်း ကိုမိုးတိမ်ထွဋ်က ဘယ်လိုသဘောရလည်းမသိပေမယ့် ခန့်ဇာနည်ကတော့ ကိုမိုးတိမ်ထွဋ်က ဆရာ့ကိုသဘောကျနေပြီဟု ကောက်ချက်ချလိုက်သည်။

ထို့နောက် ခန့်ဇာနည်ရဲ့အာရုံထဲထိတွယ်ကပ်ပါလာသော တစ်ယောက်သောသူကိုလည်း ခန့်ဇာနည် သတိရမိသည်။
ခေါင်းကိုယမ်းလိုက်ပြီး အတွေးတွေကိုငြင်းဆန်ဖို့အတွက် ခန့်ဇာနည်လည်း အကြောင်းပြချက်တစ်ခုရှာလိုက်သည်။

"တော်တော်အာရုံနောက်တဲ့လူကြီးပဲ"

ခန့်ဇာနည်လည်း ကိုယ့်အတွက်မဟုတ်သည့် မုန့်ထုပ်တွေဆီမှ အာရုံလွှဲလိုက်တော့သည်။ဆရာက​တော်ရဲ့ ဂေဟာလေးကို အချိန်တိုတိုနှင့်ပြီးအောင်လုပ်ရမည်မို့ ခန့်ဇာနည်လည်း အလုပ်ကို အာရုံစိုက်လိုက်တော့သည်။

At the end of the hate(Completed) Where stories live. Discover now