အပိုင္း(၁၁)(Unicode)

1.3K 91 3
                                    

"ရှိုင်း..!.."

*ဘယ်ချိန်တည်းက နေရာယူထားပြီးဖြစ်နေသော မိုးတိမ်ထွဋ်ရဲ့ ရင်ထဲမှ နာမည်တစ်လုံးသည် ရုတ်တရက် ပေါ်ထွက်လာတော့သည်။*

မိုးတိမ်ထွဋ်ရဲ့နှုတ်က ရှိုင်းဟူသောအသံထွက်ပေါ်လာ၍ မင်းထင်လည်း မိုးတိမ်ထွဋ်ကိုကြည့်လိုက်သည်။

မိုးတိမ်ထွဋ်ရဲ့မျက်လုံးတွေမှာ တစ်စုံတစ်ခုကိုဆုံးရှုံးရမှာကြောက်နေသည့် စိုးရိမ်ပူပန်မှုတွေကို မင်းထင်မြင်နေရသည်။ပြိုလဲကျလုဆဲဆဲဖြစ်နေသောစိတ်ကိုတင်းခံထားသည့် မိုးတိမ်ထွဋ် နှုတ်ခမ်းသားတွေရဲ့ အဓိပ္ပါယ်ကိုလည်း မင်းထင်နားလည်သည်။ထို့နောက် မင်းထင်လည်း မိုးတိမ်ထွဋ်ကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်သည်။

ဆံပင်အဝါရောင်နဲ့သတို့သားလောင်းသည် လူုကြီးတွေနှင့်စကားပြောကာ ပြုံးပျော်နေသည်။ပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့ ပါးချိုင့်လေးနဲ့သွားထပ်လေးက ချစ်စရာကောင်းသည်။မိုးတိမ်ထွဋ်က သူ့ကိုစိုက်ကြည့်နေတယ်ဆိုတာ ထိုကောင်လေးမသိရှာပေ။နောက်ပြီး ကောင်မလေးတစ်ယောက်က မိုးတိမ်ထွဋ်ကိုသေချာကြည့်နေတယ်ဆိုတာကိုလည်း မိုးတိမ်ထွဋ်မသိပေ။

"အော် ကိုမိုးတိမ်ထွဋ်တို့လာပြီကိုး
လာ ထိုင်ကြပါဦးရှင့်"
ဒေါ်လင်းလက်ကြယ်လည်း အပေါက်ဝနားရပ်နေသော မိုးတိမ်ထွဋ်တို့ကို ခေါ်လိုက်သည်။

သမီးလေးရဲ့စေ့စပ်ပွဲကို အကောင်းဆုံးလုပ်ချင်တာကြောင့် စီးပွားရေးလောကထဲက လူတွေ အကုန်နီးပါးကို ဖိတ်ထားခြင်းဖြစ်သည်။

"လာ သွားကြစို့"
မင်းထင်လည်း ရပ်လျက်ဆွံ့အနေသော မိုးတိမ်ထွဋ်ကို လက်တို့ကာ သတိပေးလိုက်သည်။

မိုးတိမ်ထွဋ်လည်း အခုမှ အသိပြန်ဝင်လာကာ ဟန်မပျက်ဝင်ထိုင်လိုက်သည်။အနည်းငယ်စိုစွတ်နေသော မျက်ဝန်းအိမ်ကိုခြောက်သွေ့စေရန် မျက်တောင်သာ အဆက်မပြတ်ခတ်နေလိုက်သည်။

"အော် ကိုမိုးတိမ်ထွဋ်တို့ပါလား
ဒါနဲ့ ဓနကျော် မပါဘူးလား"
ရောင်နီရှိုင်းလည်း မိုးတိမ်ထွဋ်ကို ပြုံးရင်းနှုတ်ဆက်လိုက်သည်။

At the end of the hate(Completed) Where stories live. Discover now