အပိုင်း(၃)(Unicode)

2.4K 129 3
                                    

"မင်းရဲ့ပစ်မှတ်က အဖေလား သားလား"

"ဟားဟား...!'
မိုးတိမ်ထွဋ်လည်း ထိုင်ခုံပေါ်မှီချလိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"မိုးတိမ်ထွဋ် မင်းပြောစရာရှိတာပြောပြီးရင် ငါသွားတော့မယ်နော်
မင်းရဲ့ စီမံကိန်းကိုလည်း ငါတာဝန်ယူထားပေမယ် အဆင်ပြေလား"
မိုးတိမ်ထွဋ်နဲ့ဓနကျော်တို့်ဆုံနေရင် မင်းထင်ကအရင်ထွက်လာတတ်သည်။

"အေးအေး ရပြီ ရပြီ "
ရယ်နေရာမှ မင်းထင်ကိုလှမ်းပြောလိုက်သည်။

"ဓန"

"ဟုတ်ကဲ့ Boss"

"ရောင်နီရှိုင်းဆိုတဲ့ကောင်ကို မင်းမြင်ဖူးလား"

"မမြင်ဖူးသေးပါဘူး Boss
သူက စင်ကာပူကပြန်လာတာ သိပ်မကြာသေးဘူးတဲ့"

"အော် အခုမှဒီလောကထဲစဝင်လာတာနဲ့တူတယ် အဲ့ဒါကြောင့် ငါ့အကြောင်းသေချာမသိသေးတာကိုး..အဟက်.."
မိုးတိမ်ထွဋ်လည်း ရောင်နီရှိုင်းဆိုတဲ့လူကို လှောင်လိုက်သည်။

"ဟုတ်ပါတယ် Boss
ကျွန်တော့်လူတွေကိုလည်း ဦးမင်းမော်ရဲ့သားကို စုံစမ်းဖို့ပြောထားပါတယ် မကြာခင်သူ့အကြောင်းသိရတော့မှာပါ"

"အေး..ကောင်းတယ်"

"Ring...Ring.."

"Hello
မင်းတို့အခြေနေဘယ်လိုလည်း.."
ကြေးစားလူမိုက်တွေကို ဓနကျော် ငှါးထားသည်။ရောင်နီရှိုင်းဆိုတဲ့လူအကြောင်းကို စုံစမ်းခိုင်းထားပြီး အကြောင်းစုံသိတာနှင့် ဖုန်းဆက်ဖို့မှာထား၍ ဓနကမေးလိုက်သည်။

"ဟုတ်ကဲ့
သူက ဟိုတလောကမှ စင်ကာပူကကျောင်းပြီးလို့ပြန်လာတာပါ
သူ့အဖေရဲ့ကုမ္ပဏီကို သူကဦးစီးပေးနေတာပါ သူ့အဖေကသူ့ကို clubတစ်ခုထောင်ပေးထားတယ်တဲ့ ညနေဆိုသူကclubသွားပြီး Djပွတ်တယ် စီမံကိန်းတစ်ခုကိုရဖို့ ကြိုးစားနေပြီး နိုင်ငံခြားသားတစ်ဦးနဲ့မနက်ဖြန်မှာ တွေ့ဖို့ချိန်းဆိုထားပါတယ်တဲ့
သူရဲ့ပုံကိုလည်း ပို့လိုက်ပါ့မယ်"

"Ok အဲ့ဒါဆို မင်းတို့သူ့ကို သေချာစောင့်ကြည့်ထား ငါပြောတာနဲ့စတော့ ရှင်းလား"

At the end of the hate(Completed) Where stories live. Discover now