အပိုင်း(၂၂)(Unicode)

1K 80 1
                                    

ဓနကျော်ကတော့ သီရိမေကို ယဲ့ယဲ့လေးပြုံးပြလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် ညီမလေး"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင်
ကျန်းမာရေးရော ကောင်းပါရဲ့လားရှင့်"

သီရိမေလည်း မထိတထိနဲ့ခနဲ့လိုက်သည်။
အလိုမကျမှုတွေကို ဟန်ဆောင်အပြုံးနဲ့ဖုံးကွယ်ထားလိုက်သည်။

"ကောင်းပါတယ် ညီမလေး
ဒါပေမယ့် ဟိုတလောကတော့ ဆေးရုံတက်လိုက်ရသေးတယ်"

ဓနကျော်ကတော့ ပြောင်းလဲသွားတဲ့သီရိမေရဲ့ မျက်နှာကို အသေးစိပ်ကအစ မှတ်သားနေသည်။

"ခဏထိုင်ဦးနော်
စားစရာတစ်ခုခု ကျွန်တော်စီစဉ်လိုက်ဦးမယ်"

မောင်နှင့် ညီမလေး စကားပြောနေတဲ့ပုံစံကြီးက ထူးဆန်းနေတာမို့ ပိုင်စေသူလည်း မောင့်လက်ကိုဆွဲကာ ထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်သည်။
ငြိမ်ငြိမ်ထိုင်နေဟူလည်း မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။

ကလေးစိတ်ပူနေမှာစိုး၍ ဓနကျော်လည်း အဆင်ပြေကြောင်းပြုံးပြလိုက်သည်။ကလေးက မီးဖိုထဲဝင်သွားသည်နှင့် ဓနကျော်လည်း စာလုပ်နေတဲ့ သီရမေကိုကြည့်လိုက်သည်။ထို့နောက် အကျႌအိတ်ထဲမှ ရာဘာလုံးလေးကို ထုတ်လိုက်သည်။

"ညီမလေး"

သီရိမေက ဓနကျော်ဘက်ကို လှည့်ကြည့်သည်နှင့် ဓနကျော်လည်း ရာဘာလုံးလေးကို သီရိမေရဲ့မျက်နှာတည့်တည့်ကို လှမ်းပေါက်လိုက်သည်။

သီရိမေကလှည့်ကြည့်လိုက်သည်နှင့် မျက်နှာသို့ဦးတည်နေသော ရာဘာလုံးလေးကို လှမ်းဖမ်းလိုက်သည်။

"ညီမလေးက လက်သွက်သားပဲ..
ညီမလေး မျက်နှာကိုပေါက်သလိုဖြစ်သွားလို့ Sorryနော်"

ဓနကျော်လည်း သီရိမေနားသို့ သွားလိုက်ပြီး ရာဘာလုံးလေးကိုပြန်တောင်းလိုက်သည်။ဓနကျော်ရဲ့လက်ပေါ်မှာ ပုဝါလေးခင်းထားလိုက်ပြီး ရာဘာလုံးလေးကို ထိုပေါ်သို့တင်ပေးရန် ဓနကျော်က အပြုံးလေးနှင့်ခိုင်းလိုက်သည်။

သီရိမေကတော့ ဒီလူကြီးရဲ့မျက်နှာကို ကြာကြာမမြင်ချင်တာကြောင့် ရာဘာလုံးလေးကို ပြန်ပေးဖို့စိတ်ကူးလိုက်သည်။ထို့ကြောင့် ရာဘာလုံးလေးကို ထိုပုဝါလေးပေါ်သို့တင်ပးလိုက်သည်။ထို့်နောက် အိမ်ရှေ့သို့်ထွက်လာခဲ့လိုက်သည်။

At the end of the hate(Completed) Where stories live. Discover now