အပိုင်း(၇)

1K 54 2
                                    

"ဘာ...မိုးတိမ်ထွဋ်..."

ကားရဲ့အပြင်ဘက်ကိုထွက်လာပြီးကိစ္စတစ်ခုကိုချီတုံချတုံပုံစံဖြစ်နေတဲ့ မိုးတိမ်ထွဋ်ကို ရောင်နီရှိုင်းလည်း ကားထဲမှကြည့်နေလိုက်သည်။ခဏကြာတော့ ဆုံးဖြတ်ချက်တစ်ခုကိုဆုံးဖြတ်ပြီးဟန်နဲ့ ရောင်နီရှိုင်းရဲ့ကားအနားကို မိုးတိမ်ထွဋ်ကလျှောက်လှမ်းလာသည်။

"ဒေါက်...ဒေါက်...ဒေါက်..."
ရောင်နီရှိုင်းရဲ့ ကားတံခါးကိုခေါက်နေသော မိုးတိမ်ထွဋ်ကို ရောင်နီရှိုင်းလည်း ကားထဲကနေကြည့်နေလိုက်သည်။တော်တော်ကြာသည်အထိ ကားမှန်မချပေးပေ။အဆက်မပြတ်ခေါက်နေ၍ ရောင်နီရှိုင်းလည်း ကားမှန်ချကာ ဘာကိစ္စလည်း ဟူသောသဘောဖြင့် ပေကပ်ကပ်ကြည့်လိုက်သည်။

"ကားတံခါး ခဏဖွင့်ပေး ငါမင်းကိုပြောစရာရှိတယ်"
မိုးတိမ်ထွဋ်လည်း ပြောချင်စောကြီးနေသည်။

ရောင်နီရှိုင်းကားတံခါးကိုခြေထောက်နဲ့ဆောင့်ကန်ပြီးဖွင့်ပေးလိုက်သည်။

ကားတံခါးပွင့်သည်နှင့်မိုးတိမ်ထွဋ်လည်း ရောင်နီရှိုင်းကိုကျောပေးပြီး သူ့ဘေးနားဝင်ထိုင်လိုက်သည်။

"ဘာပြောမလို့လည်းပြော ငါ့Daddyဆီသွားရဦးမှာ"

"မင်း...မြန်မာပြည်ကို အရင်တုန်းက အလည်လာဖူးလား"
မဟုတ်ပါစေနဲ့လို့သာ မိုးတိမ်ထွဋ်အကြိမ်ကြိမ်ဆုတောင်းမိသည်။

"အင်း"
ရောင်နီရှိုင်းလည်း မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

အချစ်ဦးကိုမှစွဲလမ်းလွန်းလို့ တော်တော်မေ့နိုင်ဖို့ကြိုးစားခဲ့ပါတယ်ဆိုကာမှ အချစ်ဦးက အချစ်ဆုံးလူအနေနဲ့ပြန်လာတော့ မိုးတိမ်ထွဋ် နောက်တစ်ကြိမ်မေ့ဖို့ခက်ခဲလှသည်။မမေ့နိုင်တော့ဘူးဆိုရင်ပိုမှန်မည်။

မိုးတိမ်ထွဋ်က ရောင်နီရှိုင်းကို နက်နက်ရှိုင်းချစ်မိနေသလောက် ချစ်တယ်လို့ဖွင့်ပြောဖို့ က မိုးတိမ်ထွဋ်အတွက်ခက်ခဲနေသည်။ကိုယ့်ကိုယ်ကိုလည်း လက်မခံနိုင်ဖြစ်နေသည်။ဒါပေမယ့် ရောင်နီရှိုင်းကိုလည်း လုံးဝလက်လွှတ်မခံနိုင်ပေ။မိုးတိမ်ထွဋ်လည်း ဘာမှပြန်မပြောတော့ဘဲသက်ပြင်းချကာ ကားထဲမှထွက်လာခဲ့လိုက်သည်။

At the end of the hate(Completed) Where stories live. Discover now