အပိုင္း(၆)(Unicode)

1.6K 97 1
                                    

"Mommy အိမ်ပြန်ပြီး နားချင်နားတော့လေ"
ထိုင်ခုံလေးပေါ်မှာထိုင်ရင်း Daddy ကိုကြည့်နေသော Mommyကို ရောင်နီရှိုင်းပြောလိုက်သည်။

"အော် သားပြန်လာပြီလား"
ကုမ္ပဏီသွားမယ်ဆိုပြီးထွက်သွားသော သားလေးက အခုဆေးရုံရောက်လာ၍ ဒေါ်မေနီဦးလည်း​မေးလိုက်သည်။

"ဟုတ်တယ် Mommy
ရုံးကဝန်ထမ်းတွေကို မှာစရာရှိတာလေးတွေမှာခဲ့ပြီးထွက်လာခဲ့လိုက်တာ Mommyလည်း အိမ်ပြန်ပြီးနားတော့လေ daddyကို သားစောင့်လိုက်မယ်လေ"

"အေးအေး
အဲ့ဒါဆို Mommyအိမ်ခဏပြန်လိုက်ဦးမယ်နော် ပြီးရင်တော့ ညနေစာစီစဉ်ပြီး ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့ Mommy"

Mommyထွက်သွားသည်နှင့် ရောင်နီရှိုင်းလည်း Daddyလက်ကလေးကို အသာဆုပ်ကိုင်လိုက်သည်။ထို့နောက် daddyမျက်နှာကို သေချာကြည့်လိုက်သည်။

"Daddyကို ဒီလိုဖြစ်အောင်လုပ်တဲ့သူကို သားမကျေနပ်ဘူး
သား လက်စားပြန်ချေမယ် မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံးချင်းပဲ သူလည်း တန်ပြန်သက်ရောက်မှုကို ခံစားစေရမယ်"
ရောင်နီရှိုင်းလည်း daddyကိုကြည့်ပြီး ပြန်လက်စားချေရန် စီစဉ်လို်က်သည်။ခက်တာက တရားခံကို သက်သေနှင့်တကွ မသိသေးတာပင်။

"Ring...Ring.."

"Hello ခန့်ဇာနည်ပြော"

"ဟုတ်ကဲ့ဆရာ
ကိုမိုးတိမ်ထွဋ် ယုံကြည်တဲ့သူက နှစ်ယောက်ပဲရှိတာတဲ့"

"အေး ဆက်ပြော"

"ဟုတ်ကဲ့
တစ်ယောက်က သူ့ရဲ့ညီအစ်ကိုဝမ်းကွဲ ကိုဓနကျော်
တစ်ခြားတစ်ယောက်ကတော့ သူ့ရဲ့သူငယ်ချင်း မင်းထင်တဲ့"

"အေး ငါသိပြီ
မင်းထင်ဆိုတဲ့လူရဲ့အကြောင်းကို သေချာသိအောင် မင်းစုံစမ်း
ပြီးရင် သူနဲ့ရင်းနှီးအောင်နေ ငါပြောတာနားလည်လား"

"ဗျာ..ဆရာ.."
ဆရာ့ရဲ့အကြံက ဘယ်ကိုဦးတည်နေသည်ဆိုတာ ခန့်ဇာနည်သိသည်။သို့ပေမယ့် မဟုတ်ပါစေနဲ့ ဟူ၍ဆုတောင်းကာ မေးလိုက်သည်။

"အေး ဟုတ်တယ်
ငါသိချင်တဲ့ကိစ္စတစ်ခုအတွက် မင်းက မင်းထင်ကို ရင်းနှီးအောင်ပေါင်းပြီး မိုးတိမ်ထွဋ်ရဲ့အကြောင်းမှန်သမျှကို ငါ့ကိုပြန်ပြော နားလည်လား"

At the end of the hate(Completed) Where stories live. Discover now