အပိုင်း(၂)(Unicode)

3K 158 1
                                    


"Ready 1..2..3...
Dj...Shine..!."
ရောင်စုံမီးရောင်တွေနှင့်အတူ ဂီတသံတွေက ပြန်လည်လှုပ်ရှားလာသည်။

ဆံပင်အဝါရောင်လေးကို အပေါ်သို့မြှောက်စည်းထားပြီး ခန္ဓာကိုယ်ဟန်ချက်ညီညီနဲ့ ခုန်ပေါက်ကာ စင်ပေါ်သို့ပြေးတက်လာသော ကောင်လေးတစ်ယောက်။

Djပွတ်ရင်း ခန္ဓာကိုယ်ကို ဂီတသံတွေအတိုင်း လှုပ်ကာ လက်တွေကိုလည်း လေပေါ်မှာ ဝေ့ရမ်းနေသည်။တစ်ချက်တစ်ချက် ပြုံးလိုက်တိုင်း ဖြူဖွေးတဲ့သွားထပ်လေးက ပေါ်လာတတ်သည်။
ထိုကောင်လေးကိုကြည့်ပြီး မိုးတိမ်ထွဋ်လည်း လွတ်လပ်မှုကို ခံစားလိုက်ရသည်။

"Hey ဘော်ဒါတို့ Djနဲ့အတူတူကခုန်လိုက်ရအောင်..."
ရောင်နီရှိုင်းလည်း သံစဉ်တွေကို မြှင့်လိုက်ပြီး ကခုန်နေလိုက်သည်။
အနက်ရောင်မှန်ပါးအကျႌလေးကို ဝတ်ထား၍ ရောင်နီရှိုင်းရဲ့ဗိုက်သားတွေက မီးရောင်အောက်မှာ ဆွဲအားပိုနေသည်။

ရောင်နီရှိုင်းကတော့ သူ့သံစဉ်ထဲ စီးမျောကခုန်နေသည်။သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတယ်ဆိုတာတော့ သတိမထားမိပေ။

"ဒီကောင်လေးက တော်တော်ကတတ်တာပဲ သံစဉ်တွေကလည်း မြူးတယ်နော် "

"အင်း..မဆိုးပါဘူး"
မိုးတိမ်ထွဋ်ကတော့ ဘာမျှထွေထွေထူးထူးမပြောပေ။

"ဓန "

"ဗျာ..Boss "

မိုးတိမ်ထွဋ်လည်း လက်ထဲကဖုန်းကို ဓနရှေ့ချထားလိုက်ပြီး

"မင်း သွားကဲ ချင်ကဲတော့"
စင်ပေါ်မှာDjနဲ့အတူ ကခုန်နေတဲ့ကောင်လေးကို မိုးတိမ်ထွဋ်မျက်စပစ်ပြလိုက်သည်။

"ဟုတ်ကဲ့ Boss "
ဓနကျော်လည်း Bossက ဘာကိုဆိုလိုလည်းဆိုတာသိ၍ Bossရဲ့ဖုန်းကိုယူပြီး လူကြားထဲ တိုးသွားလိုက်သည်။

လူအုပ်ထဲမှာ ကရင်းနဲ့ Djကောင်လေးဆီ ဖြည်းဖြည်းချင်းတိုးသွားလိုက်သည်။ကောင်လေးလို့ဆိုပေမယ့် ဓနနဲ့ရွယ်တူလောက်ပင်ရှိမည်။ဓနလည်း ထိုကောင်လေးအနား ရောက်သည်နှင့် Bossဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်သည်။

"ကျစ်...ဒီကောင်ကွာ
ခန္ဓာကိုယ်က ဘာလို့်ဒီလောက်လှုပ်ရွနေတာလည်း "
ဓနလည်း ဓာတ်ပုံရိုက်လိုက်တိုင်း ဝါးနေ၍ စိတ်မရှည်တော့ပေ။

At the end of the hate(Completed) Tempat cerita menjadi hidup. Temukan sekarang