အပိုင်း(၈)(Unicode)

1.3K 72 0
                                    

"Mommyက ဘာကိုပြောတာလည်း ဟင်"

"သားတို့ကို စေ့စပ်ပေးထားချင်လို့တဲ့လေ"

"ဗျာ..ဘယ်လို..."
မေမေ့ဆီကကြားလိုက်ရသောစကားကြောင့် ရောင်နီရှိုင်း အံ့ဩသွားသည်။

"ဟုတ်တယ်သားရေ ကြယ်က သူ့သမီးကို စိတ်မချတော့လို့တဲ့ အဲ့ဒါသားနဲ့ စေ့စပ်ထားချင်​နေပြီတဲ့ကွယ်"

"ဘယ်လိုလည်း "
ဟူသောသဘောဖြင့် ခင်ပွန်းဖြစ်သူဦးမင်းမော်ကို မေးငေါ့ပြလိုက်သည်။

ဦးမင်းမော်လည်း သဘောတူသဖြင့် ပြုံးပြရင်းသာခေါင်းညိတ်ပြလိုက်သည်။

"Mommyတို့ကလည်းဗျာ...သားသဘောကိုကြမမေးကြတော့ဘူးလား"

ရောင်နီရှိုင်းက အိမ်ထောင်ပြုဖို့စိတ်ကူးမရှိပေ။တစ်ယောက်တည်းသာလွတ်လွတ်လပ်လပ်နေချင်သည်။ကိုယ်ဝါသနာပါတဲ့အလုပ်ကိုပဲ အချိန်ပေးချင်သည် စိတ်ရောလူရော အဲ့ဝါသနာထဲမှာပဲ နှစ်မြုပ်ထားချင်သည်။တစ်ခြားတစ်ယောက်ကို အချိန်ဖဲ့မပေးချင်ပေ။

"သားကလည်း မိန်းကလေးရှင်ဖက်က ကမ်းလှမ်းတာကို Mommyတို့က အချိန်ဆွဲနေရင် အားနာစရာကြီးမို့ပါ ဘာလည်း သားမှာ ချစ်သူရှိနေလို့လား"

"ဟာ...ဘယ်ကလာ..သားမှာချစ်သူမရှိပါဘူးဗျ..
သားက..ဒီအတိုင်းပဲ.. လက်မထပ်....
အော် ကြယ်တို့်ပါလား လာခဲ့လေ"

ရောင်နီရှိုင်းစကားမပြီးခင် Mommyက အပေါက်ဝရပ်နေသော ဒေါ်လင်းလက်ကြယ်တို့ကို လှမ်းနှုတ်ဆက်လိုက်သည်။စကားရပ်ရန်အချက်ပြလိုက်ခြင်းလည်းဖြစ်သည်။ထို့ကြောင့် ရောင်နီရှိုင်းလည်း ဘာမှဆက်မပြောတော့ဘဲ ဒေါ်လင်းလက်ကြယ်တို့သားမိကို ပြုံးပြလိုက်သည်။

"မေရေ တို့လာတာနောက်ကျသွားလို့ sorryနော်
သမီးလေးမွေးနေ့ပွဲအတွက်အလုပ်ရှုပ်နေတာရောကြောင့် အခုမှလာဖြစ်တာ"
ဒေါ်လင်းလက်ကြယ်လည်း လက်ထဲမှ မုန့်ထုပ်တွေကို စားပွဲပေါ်တင်ပြီး ဒေါ်မေနီဦးဘေးဝင်ထိုင်လိုက်သည်။

"ရပါတယ်ကွာ..ကိစ္စမရှိပါဘူး
မေလည်း သမီးလေးမွေးနေ့မလာနိုင်လို့ စိတ်မကောင်းဖြစ်နေတာ"
ဒေါ်မေနီဦးလည်း ခင်ပွန်းဖြစ်သူမှီရအောင် ခေါင်းလေးကို သေချာပြင်ပေးရင်းပြောလိုက်သည်။ဦးမင်း​မော်ကတော့ဘေးမှာရှိတဲ့လူတွေစကားပြောနေတာကိုပဲ တပြုံးပြုံးနဲ့နားထောင်နေလိုက်သည်။

At the end of the hate(Completed) Where stories live. Discover now