အပိုင်း(၁၄)(Unicode)

1.2K 79 1
                                    

"သီရိရေ ကျေးဇူးပဲနော်"
အံ့မင်းလည်း သီရိကိုပြောလိုက်သည်။

"ရပါတယ်ဟယ် နင်ကလည်း
နင့်စာရှင်းပြတော့ ငါလည်းပိုမှတ်မိတာပေါ့ ဟုတ်ဘူးလား"
သီရိမေလည်း စာအုပ်လေးတွေသိမ်းရင်း အံမင်းကိုပြောလိုက်သည်။

"ဒါနဲ့ ဒီတစ်ပတ် တနင်္ဂနွေနင်ဘာလုပ်စရာရှိလည်း"
အံမင်းလည်း စာအုပ်တွေသိမ်းရင်းပြန်မေးလိုက်သည်။

"အင်း ဘာမှမရှိလောက်တော့ဘူးထင်တယ်...အိမ်မှာနေပြီး စာပဲကြည့်တော့မယ်"
သီရိမေလည်းပြုံးလျက်ပြန်ပြောလိုက်သည်။

"အေး ကောင်းတယ်
နင်လည်း စာကို အာရုံစိုက်သင့်ပြီ စားမေးပွဲက မလိုတော့ဘူး"
အံမင်းလည်း သီရိကို မျက်စောင်းထိုးရင်းပြောလိုက်သည်။

"အမလေး ငါက စာသေချာလုပ်ရင်ရပါတယ်နော် နင်သာ ပိုအာရုံစိုက်ရမှာ ဒါကို ငါ့နောက်လိုက်နေသေးတာ"

"နင်က မိန်းကလေးလေးဟာ အစစအရာအရာဂရုစိုက်သင့်တာပေါ့ ငါစိတ်မချလို့ဟာကို"

"အေးပါ အဲ့ဒါတွေအတွက်လည်း ငါကျေးဇူးတင်ပါတယ် နော် "

"ကျေးဇူးတင်မနေနဲ့ ငါကျေးဇူးအတင်မခံချင်တော့ဘူး "

"အေးပါ ငါလည်း စာပဲလုပ်တော့မှာပါဟ"
သီရိမေလည်း မျက်နှာလေးဆူပုပ်ကာပြန်ပြောလိုက်သည်။

"နင့်ရုပ်ကြီးနဲ့ အဲ့လိုလုပ်မနေနဲ့ ကြည့်မကောင်းဘူး..ဟားဟား.."
အံမင်းလည်း သီရိကို စ လိုက်သည်။

"ဟာ..မသာကောင် နင်နော်"

"ကြည့်..ကြည့်..စိတ်တိုတဲ့မျက်နှာဆို ပိုတောင် ကြည့်ရဆိုးသေးတယ်"

"အေး...ရတယ် ပြော..ကြိုက်သလောက်ပြော ငါနင့်ကို မခေါ်တော့ဘူး...ဒါပဲ စကားလာမပြောနဲ့တော့"
သီရိမေလည်း လွယ်အိတ်လေးပေါ်မျက်နှာမှောက်ပြီး အိပ်နေလိုက်သည်။

"သီရိ သီရိ ငါက စ တာပါဟ နင်ကလည်းဟာ ငါက စ တာကို"
သီရိစိတ်ဆိုးသွားရင်လည်း အံ့မင်းမနေတတ်ပေ။

သီရိမေနဲ့ အံ့မင်းက အလယ်တန်းတည်းက ခင်လာတဲ့သူငယ်ချင်းတွေမို့ အရမ်းစကာ ကျီစယ်ကြသည်။ကျီစယ်တိုင်း စိတ်ကောက်သူက သီရိမေဖြစ်ပြီး ပြန်ချော့ရသူက အံမင်းပင်။

At the end of the hate(Completed) Where stories live. Discover now