အပိုင်း(၁၀)(Unicode)

1.4K 72 3
                                    


"တကယ်ပေါ့ ကလေးရဲ့"

"အဲ့ဒါဆို ကျွန်တော်က မောင့်ကိုသတ်မယ်ဆိုရင်ရော."

"ဟမ်..!."
ကလေးဆီကမျှော်လင့်မထားတဲ့စကားကြားရတာကြောင့် ဓနကျော် အံ့ဩသွားသည်။

"ဘာလည်း မောင်ကမရဘူးလား ပြော"
ပိုင်စေသူလည်း မောင့်လည်ပင်းကိုညှစ်သလိုလေးလုပ်ကာမေးလိုက်သည်။

"မဟုတ်ပါဘူးဗျ ရပါတယ်
မောင်က အဲ့ဒီစကားကို မကြားစဖူးကြားလိုက်ရလို့ အံ့ဩသွားရုံပါ။"
ဓနကျော်လည်း clubထဲမှာတုန်းက ခိုင်းမိထားတဲ့နေရာကိုတံတောင်ဆစ်နဲ့ ဖိလိုက်သည်။

"အင်းပါ အဲ့ဒါဆို ပြီးတာပဲ
ကျွန်တော်လည်း မောင့်ကို တကယ်မသတ်ပါဘူး"

*မောင် နာကျင်ရင်ကို အဆင်ပြေပါပြီ*

"ဟုတ်ပါပြီဗျာ
ဒါနဲ့ ကလေး
ကလေးက ဘယ်နေ့အားလည်းဟင် မောင်က ကလေးနဲ့အတူတူလျှောက်လည်ချင်လို့"

"မောင် အဆင်ပြေရင် ပြီးတာပါပဲ
ကျွန်တော်က ကိုရောင်နီဆီက ခွင့်တောင်းလိုက်ရင် ရတယ်"

"အင်းပါ အဲ့ဒါဆို မနက်ဖြန်လျှောက်လည်ကြမယ်နော် ကလေး"

"ဟုတ်ကဲ့"

ဓနကျော်နဲ့ ပိုင်စေသူလည်း ညမီးရောင်အောက်မှာ လမ်းလျှောက်လာကြသည်။တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြတော့ဘဲ တစ်ယောင်ရဲ့အငွေ့သက်ကိုသာ တစ်ယောက်ကရှူရှိုက်နေလိုက်ကြသည်။

"မောင် မောသွားပြီလား
အိမ်ထဲဝင်ပြီး ရေသောက်သွားဦးလေ နော် မောင်"
အိမ်ရှေ့ရောက်သည်နှင့် ပိုင်စေသူလည်း ဓနကျော်ကို ခေါ်လိုက်သည်။

"ရပါတယ် ကလေးရယ်
မောင် အိမ်ထဲထိမလိုက်တော့ဘူးနော်"
ဓနကျော်လည်း ငြင်းလိုက်သည်။

"ဘာလို့လည်း မောင်
ကျွန်တော့် အိမ်လေးက တိုက်ကြီးမဟုတ်လို့လား
ကျွန်တော်တိုက်မယ့်ရေက ရေခဲသေတ္တာထဲက ရေမဟုတ်လို့လား မောင် "

"ကလေးကလည်း ဘာတွေလျှောက်တွေးနေတာလည်း
မောင်က အဲ့ဒါကြောင့် မဟုတ်ပါဘူး"
ထင်ချင်ရာထင်နေသော ကလေးရဲ့ ပါးလေးကို ဆွဲဖဲ့လိုက်ရင်း ဓနကျော်ပြောလိုက်သည်။

At the end of the hate(Completed) Where stories live. Discover now