အပိုင်း(၅)(Unicode)

1.8K 101 0
                                    

ဓနကျော်ကတော့ မှောင်ရိပ်ထဲမှာတောင်ဆွဲဆောင်မှုရှိလွန်းတဲ့ ပိုင်စေသူရဲ့ ကျောပြင်လေးကို ငေးနေလိုက်သည်။

ထို့နောက် ဓနကျော်လည်း Boss ဆီသို့ ပြန်လာခဲ့တော့သည်။

"ဟမ်...ရောင်နီရှိုင်း..!.."
ရောင်နီရှိုင်းနဲ့ Bossနဲ့ဝိုင်သောက်ရင်း စကားပြောနေ၍ ဓနကျော် အံဩမိသည်။ထို့နောက် bossတို့်အနားသို့သွားလိုက်သည်။

"လေးစားပါတယ် ကိုမိုးတိမ်ထွဋ်
ခင်ဗျားက တကယ်တော်တာပဲ ကျွန်တော်လည်း ခင်ဗျားကို အားကျလိုက်တာ"
ရောင်နီရှိုင်းလည်း မိုးတိမ်ထွဋ်ကို စပြီးချဉ်းကပ်တော့သည်။

"ဟား...အဲ့လိုမဟုတ်ပါဘူး
ဒီလိုစီးပွားရေးလောကမှာက လူတိုင်းကိုယုံလို့မရဘူးဗျ
ဥပမာပြရင် ခင်ဗျားပေါ့ဗျာ
ခင်ဗျားက Mr.Leoကိုယုံလိုက်တယ် အဲ့ဒီအတွက် ခင်ဗျားစီမံကိန်းကို လက်လွှတ်လိုက်ရတယ် အဲ့လိုမျိူးပေါ့ မဟုတ်ဘူးလား..ဟားဟား.."
ရုတ်တရက်လာချဉ်းကပ်နေသော ရောင်နီရှိုင်းကို မိုးတိမ်ထွဋ်လည်း ဟားတိုက်လိုက်သည်။

"မင်း အကွက်တွေက ရိုးနေပါပြီ ရောင်နီရှိုင်းရာ"
မိုးတိမ်ထွဋ်လည်း စိတ်ထဲမှပြောရင်း လှောင်ပြုံးလေးပြုံးကာ ဝိုင်သောက်လိုက်သည်။

"အဟက်...သိပ်ဟုတ်တာပေါ့ဗျာ
ကျွန်တော်အယုံလွယ်သွားတာ နောက်ပြီး ကျွန်တော်အချိန်ကိုပိုတန်ဖိုးထားတတ်သွားတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်ခဏထသွားတာရှိသေး ခင်ဗျားက ဝင်ပြီး နေရာယူပြီးနေပြီလေ နောက်ဆိုကျွန်တော် အလုပ်လုပ်နေရင် ဘယ်ကိုမှမထတော့ဘူး ဟားဟား.."
ရောင်နီရှိုင်းလည်း မိုးတိမ်ထွဋ်ကို တည့်ပြောလိုက်သည်။

ဓနကျော်ကတော့ ထိုလူနှစ်ယောက်ရဲ့စစ်အေးတိုက်ပွဲကိုကြည့်နေလိုက်သည်။
တစ်ယောက်ကသူ့အတ္တအတွက်အချစ်ကိုချနင်းနေသူ
တစ်ယောက်ကသူ့မာနအတွက် အချစ်ကိုပျိုးထောင်နေသူ
ထိုသူနှစ်ယောက်၌မည်သူနိုင်မည်ဆိုတာ ဓနကျော်လည်း မခန့်မှန်းနိုင်တော့ပေ။

"ဒါပေါ့ကွာ...နောက်တစ်ခါဆို အချိန်ကိုအလေးထားပေါ့
ကိုယ်က ခြေနည်းနည်းသွက်တယ်"

At the end of the hate(Completed) Where stories live. Discover now