အပိုင်း(၁၃)(Unicode)

1.2K 78 3
                                    

"ရုပ်ချောလို့ရှိန်တာတစ်မျိုး ရာထူးကြီးလို့ရှိန်တာတစ်မျိုးနဲ့ ဒီတစ်သက် မိန်းမရပါဦးမလား မသိဘူး"
ခန့်ဇာနည်လည်း ဝန်ထမ်းတွေကို မသိမသာဝေ့ကြည့်ရင်းတွေးလိုက်သည်။ထို့နောက်ရုံးခန်းတံခါးလေးကို ညင်သာစွာဖွင့်ဝင်လိုက်သည်။

"အမလေး..ဗုဒေ္ဓါ.!.."

ရုတ်တရက်မြင်လိုက်သော ဆရာ့မျက်နှာကြီးကြောင့် ခန့်ဇာနည်လန့်သွားသည်။မျက်နှာကြီးတစ်ခုလုံးနီရဲကာလူသတ်တော့မည့်အတိုင်းဖြစ်နေသည်။

ခန့်ဇာနည်လေး အလိုက်တသိနဲ့ ကိုယ့်နေရာကိုဝင်ထိုင်လိုက်သည်။အလုပ်ကိုနောက်ကျမှရောက်သည်မို့ ခန့်ဇာနည်လည်းခေါင်းမဖော်ရဲပေ။ကိုယ်လုပ်စရာရှိတာသာလုပ်နေလိုက်သည်။

"အလုပ်ချိန်နောက်ကျတိုင်း အလုပ်ပြုတ်လို့ကတော့ ငါတော့မလွယ်ဘူး တော်သေးတယ် ငါ့ရဲ့ရွှေဉာဏ်လေးက ထက်မြက်နေလို့"
ခန့်ဇာနည်လည်း အလုပ်လုပ်ရင်း​တွေးနေလိုက်သည်။ထို့နောက်မသိမသာလေး ဆရာ့ကိုလှမ်းကြည့်လိုက်သည်။ဆရာကဖုန်းကိုသာကြည့်နေသည်။ထိုဖုန်းနေရာသာ ခန့်ဇာနည်ဆိုပါက ကြောက်သေးတောင်ပေါက်ချမိလောက်သည်။

"တောက်...!..ငါထင်တော့ထင်သားပဲ..ဒီကောင်ကွာ..တောက်..!."
ဆရာကဖုန်းကိုကြည့်ပြီး တောက်တစ်ခေါက်ခေါက်ဖြစ်နေ၍ ခန့်ဇာနည်လည်း ဆက်မကြည့်တော့ပေ။

"အေးပါ ငါပြောပြပါ့မယ်
ပထဆုံး သူ့ဆီကစီမံကိန်းကို ငါလုယူခဲ့တယ် အဲ့ဒီစီမံကိန်းကိုရဖို့အတွက် သူ့daddyကို ငါအသုံးချလိုက်တယ် ငါ့ကြောင့် ဦးမင်းမော် ကားတိုက်မှုဖြစ်ပြီး ဆေးရုံတင်ရတာ အဲ့ဒါတွေက ငါလုပ်ခဲ့တာပဲ"

ရောင်နီရှိုင်းလည်းဖုန်းထဲကvideoကိုကြည့်ပြီးဒေါသထွက်နေသည်။ထိုvideoကို လာပို့တဲ့အကောင့်ပိုင်ရှင်ကလည်း ဘယ်သူမှန်းမသိပေ။videoပို့ပြီး အကောင့်ဖျက်သွားသည်။ရောင်နီရှိုင်းလည်း videoကို ရရမိမိsaveလိုက်သည်။

ထိုvideoက မိုးတိမ်ထွဋ်ကိုယ်တိုင် မင်းထင်ကိုပြောပြနေသည့်videoပင်ဖြစ်သည်။အနည်းငယ်ဝေးသောအကွာဝေးကရိုက်ထား၍ အသံကတော့အရမ်းမကြားရပေ သို့​ပေမယ့် ​ရှင်းလင်းမှုတော့ရှိသည်။အမြင့်တစ်နေရာကနေရိုက်ထားတာမို့ မြင်ကွင်းကလည်းလှုပ်ရှားနေသည့်တိုင်သေချာမြင်ရသည်။မိုးတိမ်ထွဋ်နဲ့မင်းထင်ဆိုတာသေချာသည်။

At the end of the hate(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ