ထို့နောက် ကိုမိုးတိမ်ထွဋ်ကိုကျောပေးထားလိုက်တော့သည်။
"ဟင်....လင်းလက်..မဟုတ်ဘူး..."
မျက်လုံးအဝိုင်းသားနဲ့ကြည့်နေသောလင်းလက်ကိုရောင်နီရှိုင်းလည်းရှင်းပြနေလိုက်သည်။မိုးတိမ်ထွဋ်ကတော့လင်းလက်ရွှေရည်ကိုလှောင်ပြုံးလေးပြုံးပြလိုက်သည်။
"ဒါကအမှန်တရားဖြစ်နေရင်တောင် လင်းလက်နားလည်ပါတယ်။ကိုမိုးတိမ်ထွဋ်ပြုံးနေရင်ကျေနပ်တာမို့အဲ့ဒီအပြုံးကလင်းလက်အတွက်မဟုတ်ရင်တောင် လင်းလက်လက်ခံနိုင်ပါတယ်"
လင်းလက်ရွှေရည်လည်းကိုမိုးတိမ်ထွဋ်နဲ့ကိုရှိုင်းကိုမျက်လုံးအဝိုင်းသားနှင့်ကြည့်နေပြီးတွေးမိလိုက်သည်။ထို့နောက်အသည်းအသန်ရှင်းပြနေသော ကိုရှိုင်းကိုလည်းပြုံးပြလိုက်သည်။
"ကိုရှိုင်းပြန်ကြမယ်လေ"
ကိုမိုးတိမ်ထွဋ်ကိုလည်း လင်းလက်ပြုံးပြလိုက်သည်။ပိန်းကြာရွက်ပေါ်ရေမထင် ဆိုတာဒါမျိုးကိုပြောတာလား။လင်းလက်ကပြုံးပြပေမယ့် လင်းလက်အပြုံးတွေက ကိုမိုးတိမ်ထွဋ်ပေါ်သက်ရောက်ခြင်းမရှိပေ။
လင်းလက်ရွှေရည်ရဲ့အပြုံးကိုမြင်သည်နှင့် မိုးတိမ်ထွဋ်လည်းမျက်နှာလွှဲလိုက်သည်။ထို့နောက် ရောင်နီရှိုင်းရဲ့လက်ကိုဆွဲပြီးရှေ့ကနေထွက်သွားလိုက်သည်။
ရောင်နီရှိုင်းလည်းလင်းလက်ကိုလိုက်ခဲ့ဖို့လက်ကမ်းလိုက်သည်။သို့ပေမယ့် လင်းလက်တော့ပြုံးလျက်နှင့်ပင်နောက်မှာချန်ခဲ့သည်။
လင်းလက်ရွှေရည်ကတော့ ကိုရှိုင်းတို့ရဲ့နောက်ကနေသာလိုက်လာလိုက်သည်။
အပြင်သို့ရောက်သည်နှင့်ရောင်နီရှိုင်းလည်း ကိုမိုးတိမ်ထွဋ်ရဲ့လက်ကိုဖြုတ်ချလိုက်သည်။
"လင်းလက် လာ ပြန်ကြစို့"
ရောင်နီရှိုင်းလည်း လင်းလက်လက်ကိုဆွဲပြီးကားထဲဝင်သွားလိုက်တော့သည်။"ရောင်နီရှိုင်း ငါလည်းပြန်ပြီနော်"
မိုးတိမ်ထွဋ်လည်း ရောင်နီရှိုင်းကို ကားမှန်ဘေးကနေပြောလိုက်သည်။ထို့နောက် အိမ်သို့ပြန်လာခဲ့လိုက်သည်။
DU LIEST GERADE
At the end of the hate(Completed)
Romantikအဓိက က ငါအောင်မြင်ဖို့ပဲ ငါအောင်မြင်ဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရငါလုပ်မှာပဲ ငါဆိုတဲ့လူက ငါလိုချင်တာကိုရဖို့အတွက် ဘယ်နည်းသုံးရသုံးရငါသုံးမှာပဲ အထူးသဖြင့် မင်းလိုလူကို အပိုင်သိမ်းရဖို့ဆိုရင် ငါလူသတ်ဖို့တောင်ဝန်မလေးဘူး #မိုးတိမ်ထွဋ် ခင်ဗျားရဲ့သွေးစွန်းနေတ...