အပိုင်း(၄)(Unicode)

1.9K 97 0
                                    

အိမ်ရောက်သည်နှင့် မိုးတိမ်ထွဋ်လည်း အိပ်ရာပေါ်လှဲချလိုက်ပြီး မနက်ဖြန် စီမံကိန်းရဖို့အတွက် ဘယ်လိုလှုပ်ရှားရမလည်းဆိုတာကိုတွေးနေလိုက်သည်။

"Sorry ရောင်နီရှိုင်း မင်းကိုချစ်ပေမယ့် ငါဝန်မခံချင်ဘူး
အချစ်ဆိုတာကို ငါမယုံဘူး
နောက်ပြီး ငါအောင်မြင်ဖို့အတွက် ငါလုပ်ရမယ်
မင်းကိုအလျှော့ပေးလို့ မဖြစ်ဘူး မင်းက ငါ့အားနည်းချက်မဖြစ်စေရဘူး"
မိုးတိမ်ထွဋ်လည်း ကိုယ့်ရဲ့စိတ်ကိုပြန်ထိန်းပြီး အောင်မြင်ဖို့်ကိုသာ အာရုံစိုက်လိုက်သည်။

ရောင်နီရှိုင်းလည်း မနက်ဖြန်ဆွေးနွေးရမယ့် စီမံကိန်းအကြောင်းကို စဉ်းစားနေလိုက်သည်။
"ဒါက ငါ့ရဲ့ပထမဆုံးခြေလှမ်းပဲ ငါရအောင်လုပ်ရမယ်"
ရောင်နီရှိုင်းလည်း ကိုယ့်ကိုယ်ကိုအားပေးရင်း အိပ်ပျော်သွားတော့သည်။

"...."

"Daddyရေ သားသွားပြီဗျ"
ရောင်နီရှိုင်းလည်း နိုင်ငံခြားသားနှင့် မိတ်ဆုံစားဖို့ စောစောထွက်သွားလိုက်သည်။

"အေးအေး ကံကောင်းပါစေသားလေးရေ"
ဦးမင်းမော်လည်း ကားပေါ်ပြေးတက်သွားတဲ့ သားကို မိမိရရလှမ်းပြောလိုက်သည်။

"ကိုမင်း ရှင်ရော မသွားသေးဘူးလား"

"သွားမှာပါကွ မင်းကလည်း နှင်လှချည်လား"
ဦးမင်းမော်လည်း ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူးရှင်ရယ် ရန်ကုန်မြို့က ကား​တွေကအရမ်းကျပ်လို့ပါ
တစ်ခုခုဖြစ်မှာစိုးရိမ်လို့ပါ ရှင်"

"ဟုတ်ပါပြီ မိန်းမရာ အခုပဲသွားပါတော့မယ်"
ဦးမင်းမော်လည်း မနက်စာစားပြီး ထွက်လာခဲ့တော့သည်။

"..."
ဦးမင်းမော်လည်း ကားမောင်းရင်း နောက်ကြည့်မှန်ကိုတစ်ချက်ကြည့်လိုက်သည်။

"ဘာလည်းဟ အဲ့ဒီကားက ကျော်သွားရင်ရနေတာကို နောက်မှာပဲကပ်လိုက်နေတာ"
အနက်ရောင်ကားတစ်စီးက ဦးမင်းမော်ကားရဲ့နောက်မှလိုက်နေ၍ ဦးမင်းမော်လည်းတီးတိုးရေရွတ်လိုက်သည်။

ထို့နောက်ဦးမင်းမော်လည်း ကုမ္ပဏီသွားရာ လမ်းချိုးထဲကွေ့ဝင်လိုက်တော့သည်။

At the end of the hate(Completed) Where stories live. Discover now