အပိုင်း(၂၅)(Unicode)(Final part)

3.4K 108 0
                                    

လူအများစုက သူတို့ခန့်မှန်းတာမှန်သွားရင် ပျော်တတ်ကြပေမယ့် ကျွန်တော်ကတော့်မပျော်နိုင်။ကျွန်တော်ထင်ထားသလိုပင် ကျွန်တော်က ချစ်တယ်ပြောတာတောင်သူက လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။ကျွန်တော် သူ့ရှေ့မှာအကြိမ်ကြိမ်သေရတော့မည်။

အိမ်ကြီးတစ်လုံးအတွင်းမှ ဒုန်းစိုင်းမောင်းနှင်သွားသော ကားတစ်စီးကို မိုးတိမ်ထွဋ်လည်း ငေးကြည့်နေမိသည်။
ကားကဝေးသွား၍ထင်သည် မိုးတိမ်ထွဋ်ကတော့ ထိုကားလေးကိုမမြင်ရတော့ပေ။ထို့နောက် အမြင်အာရုံထဲမှာအဖြူရောင်မြင်ကွင်းတွေသာဖြစ်ပေါ်လာတော့သည်။

"အာ..ငါငိုနေတာလား..ဟား"

မျက်ဝန်းမှမျက်ရည်တွေကိုသုတ်ရင်း မိုးတိမ်ထွဋ်လည်း ရယ်မောလိုက်မိတော့သည်။ရယ်သံကတော့ ခြောက်ကပ်စွာ အထီးကျန်နေသည်။အိမ်ကြီးရဲ့အရှိန်ကြောင့် မိုးတိမ်ထွဋ်ရဲ့ရယ်သံတွေက အကြိမ်ကြိမ်လှောင်နေသယောင် ပဲ့တင်ထွက်နေသည်။

ငါ့သိက္ခာတွေ အရှက်တရားတွေ ငါ့မာနတွေကိုထုတ်ပြပြီးပြီမို့ မင်းအနားမှာတွယ်ကပ်နေဖို့ တွေဝေမနေတော့ဘူး။ဒီနေ့ကစပြီး ငါကမင်းရဲ့ကိုယ်စောင့်နတ်ပဲ။

ဝမ်းနည်းစိတ်တွေကို မိုးတိမ်ထွဋ်က တောင့်တင်းကာသည်းခံထားပေမယ့် မိုးတိမ်ထွဋ်ရဲ့ ခြေထောက်တွေက ခံနိုင်ရည်မဲ့လာသည်။မိုးတိမ်ထွဋ်ရဲ့ခြေထောက်တွေက ကြမ်းပြင်ပေါ်ထောက်လျက်ကျသွားသည်။

တကယ်တော့ ဒူးထောက်ရတာကို ကျွန်တော်မုန်းတယ်။
ဒီထက်ပိုမုန်းတာက အချစ်ပင်။အချစ်ဆိုတဲ့အရာကြီးကို ကျွန်တော်အရမ်းမုန်းတယ်။အခု အချစ်ကြောင့် ကျွန်တော်ဒူးထောက်နေရပြီ။ဒါပေမယ့် အဲ့ဒီအချစ်ကို ကျွန်တော်မစွန့်လွှတ်နိုင်ဘူး။

"..."

"လင်းလက် ငါတောင်းပန်ပါတယ်
ဒါပေမယ့် ဒါက ငါ့စိတ်မပါပါဘူး ငါနဲ့က ဘာမှမပတ်သက်ပါဘူး"

လင်းလက်ရွှေရည်ကတော့ မျက်နှာလေးငုံ့ကာ မျက်ရည်တွေကို မျက်တောင်လေးနှင့်အကြိမ်ကြိမ်ပုတ်ခတ်ကာထိန်းနေသည်။
တဆက်ဆက်တုန်နေသော နှုတ်ခမ်းလေးတွေကိုလည်း သွားနှင့်ဖိကိုက်ထားသည်။သို့ပေမယ့် လှိုက်ဖိုနေသော ရင်ဘတ်ကတော့ ထိန်းလေပိုရှိုက်လေဖြစ်သည်။

At the end of the hate(Completed) Where stories live. Discover now