အပိုင်း(၁၆)(Unicode)

1K 66 0
                                    

"အဲ့ဒါဆို ငါရောလိုက်ခဲ့မယ်"

"ဟာ..သဘောဗျာ.."
ရောင်နီရှိုင်းကတော့ စိတ်မရှည်တော့ပေ။

"အေးအေး မနက်ဖြန်မင်းကို ငါလာခေါ်မယ်"

"ဘာ...!.."
အတင့်ရဲကာအိမ်ထိလာခေါ်ချင်နေသော မိုးတိမ်ထွဋ်ကြောင့် ရောင်နီရှိုင်းမျက်လုံးပြူးသွားသည်။အားနှင့်အော်လိုက်တာကြောင့် အောင့်ခနဲနာသွားရပြန်သည်။

"ဘာလို့လည်းကွာ မင်းကလည်း "
အားနဲ့အော်နေသောရောင်နီရှိုင်းကို မိုးတိမ်ထွဋ်လည်းပြန်မေးလိုက်သည်။

"ခင်ဗျားကဘယ်လိုလူကြီးလည်း..ခင်ဗျားကိုကျွန်တော့်မိဘတွေကလည်း ကြည့်ရမှာမဟုတ်ဘူး ကျွန်တော်လည်းမလာစေချင်ဘူး အဲ့ဒါကြောင့်လာမခေါ်နဲ့"

"ငါက မင်းမိဘတွေဆီလာတာမှမဟုတ်တာ မင်းဆီလာတာလေ သူတို့ဘာသာကြည့်မရလို့ဘာဖြစ်နေနေ ငါကတော့မင်းမျက်နှာတစ်ခုတည်းအတွက်လာခဲ့မှာပဲ"

"ခင်ဗျားလာခေါ်မယ်ဆိုရင် ကျွန်တော်မသွားတော့ဘူး..
ခင်ဗျားဘာသာ လာခေါ်ချင်ခေါ် မခေါ်ချင်နေ ကျွန်တော်ကတော့ အပြင်မသွားတော့ဘူး ဒါပဲ"

"ဟေး..နေဦး..မင်းမကြိုက်ရင်ငါလာမခေါ်တော့ဘူး မင်းတို့သွားမယ့်ဆိုင်သာမက်ဆေ့ပို့ထားလိုက် ငါလာခဲ့မယ် အဆင်ပြေလား"
မိုးတိမ်ထွဋ်လည်း မလိုက်ရမှာစိုး၍ ရရမိမိပြောလိုက်သည်။

"ဟုတ်ပြီဗျာ...ဒါပဲ ဖုန်းချလိုက်တော့ ကျွန်တော်နားချင်ပြီ"
ရောင်နီရှိုင်းလည်း တကယ်ပင်ပန်းနေပြီ။

"အေးအေး.."
ရောင်နီရှိုင်းက နားချင်ပြီဟုပြောနေသောကြောင့် မိုးတိမ်ထွဋ်လည်း ဖုန်းချလိုက်သည်။

မိုးတိမ်ထွဋ်ဖုန်းချလိုက်တော့မှပဲ ရောင်နီရှိုင်းမှာ စိတ်ပေါ့သွားသည်။ထို့နောက် ပြန်အိပ်လိုက်တော့သည်။

"..."

"အား..ကျွတ်..ကျွတ်..."
ရောင်နီရှိုင်းလည်းအိပ်တာများ၍ ခေါင်းအနည်းငယ်ကိုက်လာသည်။ဘေးနားကစားပွဲပေါ်ကိုကြည့်လိုက်တော့ စားစရာတွေကအဆင်သင့်ဖြစ်​နေသည်မို့mommyလာထားသွားကြောင်းကို ရိပ်မိလိုက်သည်။

At the end of the hate(Completed) Where stories live. Discover now