အပိုင်း(၁၉)(Unicode)

963 76 2
                                    

"အင်းပါ အဲ့ဒါဆို စားစရာတစ်ခုခုပါစီစဉ်ပေး ဟဲဟဲ
နော် ကလေး ညနေကြရင် အတူတူစားရအောင်"

"မောင်သိပ်ပိုတာပဲ"

"မပိုပါဘူးဗျာ...မောင့်ကလေးရဲ့လက်ရာကိုစားချင်လို့"

"ဟုတ်ကဲ့ပါ
အဲ့ဒါဆို ဒါပဲလေ မောင်
ကျွန်တော်လည်းမောင့်အတွက်စားစရာစီစဉ်လိုက်ဦးမယ်"

"ဟုတ်ပါပြီ ချစ်တယ်နော် ကလေး"

"ဟုတ်ကဲ့ အတူတူပဲ"

ပိုင်စေသူလည်းမောင်နဲ့ဖုန်းပြောပြီး၍အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

"ညီမလေး ကိုကိုဈေးသွားမလို့နော်"

"ဟမ်..ဘာလုပ်မလို့လည်းကိုကို"
သီရိမေလည်းစာလုပ်နေရင်းကိုကို့ကိုမေးလိုက်သည်။

"ညနေစာအတွက် ဝက်စလူးချက်မလို့
အဲ့ဒါလိုတာလေးတွေသွားဝယ်မလို့"

"ကိုကိုကလည်း ဟင်းတွေရှိနေသေးတာကို ပိုက်ဆံကုန်အောင်လျှောက်ဝယ်နေတာ"

"စာမေးပွဲနီးပြီဆိုတော့ ကိုကို့ညီမလေးအားရှိအောင်ကောင်းကောင်းချက်ကျွေးမလို့ပါ ဟဲ"

"ကိုကိုတော့ပိုနေပြီ သွားမယ်ဆိုလည်းသွားတော့ ဟွန်း"
သီရိမေလည်း ကိုကို့ကိုမျက်စောင်းလေးထိုးလိုက်သည်။

ပိုင်စေသူလည်းညီမလေးရဲ့ခေါင်းကိုအသာလေးဖွပြီးပြုံးပြလိုက်သည်။

ထို့နောက်ဈေးသို့ထွက်ခဲ့လိုက်သည်။

"အဒေါ် ကျွန်တော့်ကိုကန်စွန်းရွက်တစ်စည်းနဲ့သံပုရာသီးနှစ်ရာဖိုးလောက်ပေးပါဗျ"

"အေးအေး
ဒါနဲ့ မင်းညီမလေးက စာမေးပွဲနီးနေပြီမို့လား"

"ဟုတ်တယ် အဒေါ်"

"အိမ်က ငါ့သမီးလည်းစာပဲကြည့်ခိုင်းထားရတယ်
အိမ်မှာသူတို့စာကြည့်ရက်ရတာကြာနေပြီ"

"ဘယ်ချိန်တည်းက အဒေါ့်သမီးကအိမ်မှာစာကြည့်တာလည်း"
ပိုင်စေသူလည်း ဈေးသည်အဒေါ်ကြီးကိုမေးလိုက်သည်။

"ကြာပြီ ငါ့တူရဲ့
နှစ်ပတ်လောက်တောင်ရှိမယ်ထင်တယ်"

"အော် ဟုတ်ကဲ့ပါဗျ..
ကျွန်တော်သွားလိုက်ဦးမယ်နော်"

At the end of the hate(Completed) Where stories live. Discover now