အပိုင်း(၁၇)(Unicode)

1K 67 0
                                    

ဝန်ထမ်းအားလုံးလည်းစားနေရာမှထိုခြေသံပိုင်ရှင်ကိုကြည့်လိုက်သည်။

"Congratulations ပါရောင်နီရှိုင်း"

လေသံအေးအေးက သီချင်းသံစဉ်တွေကြားထဲမှထွက်ပေါ်လာသည်။

ရောင်နီရှိုင်းကတော့ထိုလူသားကိုုကြည့်ပြီးစိတ်တိုနေသည်။ထို့နောက်အသုံးမလိုတဲ့အမှိုက်စတစ်ခုပမာနှုတ်ခေါင်းရှုံ့လိုက်သည်။

လင်းလက်ရွှေရည်ကတော့ အံ့ဩမှုအပေါင်းနဲ့ပီတိတွေဝေဖြာနေသည်။ဘေးကကိုရှိုင်းလည်းရှိနေတာမို့ဟန်ပြန်ထိမ်းလိုက်သည်။

"ဘာလည်း မင်းက ငါ့ကိုကြဧည့်မခံချင်ဘူးလား"
မိုးတိမ်ထွဋ်လည်း ဘောင်းဘီအိတ်ထဲလက်လျှိုကာဖြည်းဖြည်းချင်းလမ်းလျှောက်လာလိုက်သည်။ထို့နောက် ရောင်နီရှိုင်းရဲ့ဘေးမှာမတ်တက်ရပ်နေလိုက်သည်။

ဝန်ထမ်းတွေကတော့ သူတို့ရဲ့ဆရာဘယ်လိုတုန့်ပြန်မလည်းဆိုတာကိုစိတ်ဝင်တစားကြည့်နေလိုက်သည်။အားလုံးက​တော့ငြိမ်သက်နေကြသည်။

ဝသုန်နဲ့ခန့်ဇာနည်လည်းမခန့်တဲ့မျက်နှာပေးနဲ့မိုးတိမ်ထွဋ်ကိုကြည့်နေကြသည်။

မိုးတိမ်ထွဋ်ကတော့ ဟက်ခနဲ့တစ်ချက်ရယ်လိုက်ကာ ရောင်နီရှိုင်းနဲ့ဝသုန်ကြားက လွတ်နေတဲ့စားပွဲထောင့်စွန်းလေးမှာထိုင်ခုံယူပြီးဝင်ထိုင်လိုက်သည်။

"ခင်ဗျားလာတာမကြိုက်လို့မဟုတ်ပါဘူး ရုတ်တရက်မို့အံ့ဩသွားရုံပါ"
ရောင်နီရှိုင်းလည်းလူအများရှေ့မှာမို့အလိုက်သင့်ပြောလိုက်သည်။

"အားလုံးဆက်စားကြပါ ကျွန်တော်ကအထူးဧည့်သည်မဟုတ်ပါဘူး လုပ်စရာရှိတာသာဆက်လုပ်ကြပါ"
မိုးတိမ်ထွဋ်လည်းငြိမ်သက်နေတဲ့စားပွဲဝိုင်းကိုပြန်အသက်ဝင်အောင်ပြောလိုက်သည်။

မိုးတိမ်ထွဋ်စကားကြောင့် ဝန်ထမ်းတွေလည်းရောင်နီရှိုင်းကိုကြည့်လိုက်သည်။ရောင်နီရှိုင်းလည်း
ဒီလိုနေ့မျိုးမှာပြသနာမဖြစ်ချင်တာကြောင့် ဝန်ထမ်းတွေကိုစိတ်ကြိုက်နေဟူသောသဘောဖြင့်ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်ဝန်ထမ်းတွေလည်းစားစရာရှိဆက်စားနေကြတော့သည်။

At the end of the hate(Completed) Where stories live. Discover now