Extra

1.3K 48 0
                                    

Unicode;;

"မြတ်သွန်းရေ.....သမီးပိစိ.......ထတော့ကွယ်.."

ပိုင်လေးတစ်ယောက် အပြာနုရောင်သုတ်ထားတဲ့ အခန်းတံခါးကို ခေါက်ရင်း နှုတ်မှ အခန်းထဲက သမီးကိုနိုးနေသည်။

ဂျောက်....ဟူသော တံခါးဖွင့်သံနောက်တွင် ညအိပ်ဝတ်Pajamas ခဲရောင်လေးဝတ်ဆင်ထားသော အသက်၄နှစ်အရွယ် ကောင်မလေးတစ်ယောက် ထွက်လာသည်။

ထိုကလေးမလေးမှာ အိပ်ချင်မပြေသေးသည့်အလား မျက်လုံးကိုပွတ်လျက် ...
"ဖေငယ်.....ဒီနေ့ စောကြီးလာနှိုးတာလား.."

ပိုင်လေးလည်း အိပ်ချင်မူးတူးဖြစ်နေသော မြတ်သွန်းဖြူကို ပွေ့ချီပြီး...

"ဖေ့ အသည်းလေးရေ...ဒီနေ့ ဆေးရုံသွားရမယ်လေ"

"ဖေငယ်....ဆေးရုံဆိုတော့ ခါတိုင်းတွေ့နေကျ ဟိုအန်တီကြီးဆီသွားမယ်ကို ပြောတာမလား..."

"ဖေငယ်ပြောခဲ့တယ်လေ။ အန်တီကြီးလို့ မခေါ်ရဘူးဆို...အဲ့တာက သမီးလေးကို မွေးထုတ်ပေးခဲ့တဲ့ အမေအရင်းလေ...ဖေငယ်မကြိုက်ဘူးနော်။"

ဟုတ်ပါသည်။ထိုမြတ်သွန်းဖြူဆိုသော ကလေးမလေးသည် မဝင့်လွှာဖြူ၏ ရင်သွေးပင်။

ဆေးရုံရောက်မှ ထိုကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။
ထိုကလေးမကို မြင်လျှင် ဝင့်လွှာဖြူမှာ ဆုံးပါးသွားသော သူ၏ချစ်သူဟောင်းဖြစ်သူကို မြင်ယောင်ပြီး စိတ်ရောဂါဟာ ပိုပိုလောင်ကျွမ်းသည်။

သမီးလေး၏ဖခင်ဖြစ်သူရဲ့ မိသားစုဖက်မှလည်း ထိုကလေးကို တာဝန်ယူချင်စိတ်မရှိသောကြောင့် ပိုင်လေးနှင့် ကိုဘုန်းတို့က စာချုပ်ဖြင့် အမွေစားအမွေပိုင် မွေးစားထားခြင်းဖြစ်သည်။

"ဖေငယ်...သမီးကိုကျ လာနိုးပြီး ဖေငယ်ရဲ့ပဲလှော်  ကျင့်ပုတ်ဖေကြီးကိုကော နှိုးခဲ့ရဲ့လား??"

ထိုသို့ ပြောနေစဥ် အခန်းထဲကို Apronကြီးဝတ်ကာ ကိုဘုန်းဝင်လာသည်။

"ဒေါ်မြတ်သွန်းဖြူ...ဖေကြီးကဖြင့်နိုးတာကြာလို့ ဟောဒီက ဘုရင်လေးနဲ့ မင်းသမီးလေးဖို့ စားဖို့တောင် ပြင်ဆင်ပြီးပြီဗျာ...."

Airborne love {COMPLETED}Where stories live. Discover now