Part 24

1K 56 2
                                    

Zawgyi;;

ဒီနေ့က စိုင်းရဲ့မွေးနေ့....
မနက်စောကြီးထဲက ထကာ ဘယ်သူ့ဆီက Birthday wishများရမလားဆိုပြီး ဖုန်းဖွင့်ကြည့်မိတော့....အရာအားလုံးဟာ ဗလာနတ္တိ....

စောသေးလို့နေမှာပါဟု စိတ်ကို လျော့ချပြီး မျက်နှာသစ်ကာ အောက်ထပ်ကို ဆင်းလာတော့ ခြောက်ကပ်နေသော အခြေအနေက စီးကြိုနေသည်....

မီးဖိုခန်းထဲဝင်လာတော့လည်း ဘယ်သူမှမရှိ....

ထမင်းစားစားပွဲပေါ်မှာ တင်ထားတဲ့ ရေခွက်လေးတစ်ခွက်နဲ့....ထိုရေခွက်အောက် ဖိထားသော စာရွက်လေးတစ်ရွက်...

စိုင်းလည်း ခွက်ကို မပြီး စာရွက်လေးကို ဖြန့်ကြည့်တော့...

"သားရေ.....မေမေဒီနေ့ သားdaddyက လှမ်းခေါ်တာနဲ့  လိုက်သွားရတယ်.....
မနက်စာတော့ မေမေပြင်ပြီး ရေခဲသေတ္တာထဲ သိမ်းထားပေးတယ်....
နိုးလာရင် Microwaveထဲ နွေးစားလိုက်နော်....."

စိုင်းလေး စာကို ဖတ်ပြီး သက်ပြင်းချမိသည်...

ဒီနေ့ သူ့မွေးနေ့ဆိုတာကိုမေမေကော Daddyကော မေ့နေကြတာလား....

ခါတိုင်းနှစ်တွေဆို ဘယ်လောက် အလုပ်ရှုပ်ရှုပ် မွေးနေ့ဆို အချိန်ပေးနေကျ.....
အခုဟာက....

စိုင်းလဲ စိတ်ရှုပ်ရှုပ်နဲ့ မနက်စာအတွက်ပြင်ထားပေးခဲ့တဲ့ pancakeလေးကိုနွားနို့နဲ့တွဲစားကာ အိမ်ပေါ်ပြန်တက်ခဲ့သည်...

အိပ်ယာပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း သူ့ချစ်သူ မိုးမခကြီးက စိတ်ထဲရောက်လာပြန်သည်....

ဒီလူကြီး မွေးနေ့ကို မေ့နေတာလားဆိုပြီး ဆန်းစစ်ဖို့ ဖုန်းခေါ်လိုက်သည်.....

ဖုန်းဝင်သံ တီ...တီ.....နောက် ခါတိုင်းကြားရမယ့် "ကလေးရေ....ပြော"ဆိုတဲ့ မြတ်နိုးရတဲ့ အသံအစား ဆက်သွယ်ရေးရုံးက မိန်းမကြီး တစ်ယောက်ရဲ့ အသံသာ ကြားလိုက်ရသည်...

ဒုတိယအခေါက်လည်း ထိုနည်းတူ...

တတိယတစ်ခေါက်ကျမှ ကိုင်လိုက်တော့....

"ကိုမိုးမခ...ဖုန်းကို ချက်ချင်းမကိုင်ရအောင် ဘာလုပ်နေတာလဲ..."

"ကလေးရေ....ကိုခနနေမှ ပြန်ဆက်လိုက်မယ်....မအားသေးလို့..... ကိုယ်အလုပ်ရှိလို့ ပဲခူးဖက်ရောက်နေတာ.....အဲ့တာကလေးနဲ့ ချိန်းထားတာ မလာနိုင်တော့ဘူးနော်....ကိုယ်ချလိုက်ပြီ..."

Airborne love {COMPLETED}Where stories live. Discover now