Part 30

1.1K 41 2
                                    

Unicode;;

Unicode;;

ဘွဲ့နှင်းသဘင်အခမ်းအနား.......

မနက်ခင်းစောစောထကာ ပိုင်လေးပြင်စရာရှိတာပြင်သည်။
ဒေါ်လေးမေက မိတ်ကပ်ပြင်ရမည်မို့စောစောထသည်။
စိုင်းရဲ့အမေလည်း တခါထဲအိမ်လာကာပြင်သည်မို့  တအိမ်လုံးလည်း ဆူဆူညံညံ......

လူကြီးများဖြစ်သော လေးမောင်၊ဦးထက်ပိုင်နှင့် စိုင်းလေး၏အဖေဖြစ်သူတို့က ဧည့်ခန်းတွင်းထိုင်ကာ ဟိုရောက်ဒီရောက်ပြောနေကြသည်။

ပိုင်လေးဘွဲ့ယူရမည်ဖြစ်၍အနည်းနဲ့အများရင်တုန်နေသော်လည်း ကိုဘုန်းရောက်မလာမည်ကို စိုးရိမ်စိတ်ဝင်နေမိပြန်သေးသည်။

ကိုဘုန်းတို့အိမ်ဖက်သွားကာ ပြန်လာပြီလားဟု ခနခန​မေးကြည့်သော်လည်း အဖြေက တစ်ခုထဲသာထွက်သည်။

"ငပိုင်.....ယောက်ဖလေး.....မင်းဟာလည်းပြုံးစမ်းပါ...မှိုင်တွေလို့.....လင်ပူမိနေတာကြနေတာပဲ...."

"ကလေးရယ်...ပိုင်လေးကိုစနေ....ဟိုကတကယ်အပူမိနေတာလေ..."

"စိုင်း....ကိုကြီး.....ကိုဘုန်းရောက်လာမှာပါနော်.."

"ပိုင်လေးရယ်....အဲ့ကောင်အကြောင်းကိုကြီးအသိဆုံး....ကြားထဲတခုခုလုပ်နေလို့ မအားတာပဲနေမှာပါ...."

ပိုင်လေးတို့စကားပြောနေတုန်း အောက်ထပ်က ပြင်ပြီးဆင်ပြီးလို့ သွားချိန်တန်ပြီမို့ လှမ်းခေါ်သည်မို့ ဘွဲ့ယူရမယ့်နေရာသာ သွားလိုက်ကြသည်။

ဘွဲ့ရကျောင်းသားများ ၁ယောက်ပြီး ၁ယောက်ဘွဲ့ယူပြီး၍ အခမ်းအနားပင်ပြီးလို့ ကျောင်းတစ်ဝိုက်တွင် အမှတ်တရ မိသားစု ဓာတ်ပုံများရိုက်နေကြပြီ။

ပိုင်လေးတို့မိသားစုလည်း မိသားစုဓာတ်ပုံရိုက်ရန် နေရာယူ လူစီပြီးသည်အထိ ကိုဘုန်းမြတ်သွေးဆိုသည့်သူ ပိုင်လေးရှေ့သို့မရောက်လာခဲ့.....

ဓာတ်ပုံဆရာက.....
"ဟုတ်ပြီ......ဘွဲ့ရတဲ့ ကျောင်းသား၂ယောက်က အလယ်မှာရပ်မယ်....ပြီးတော့ အမေနှစ်ယောက်က........"

ဓာတ်ပုံဆရာဓာတ်ပုံရိုက်မယ်ဆိုပြီး ပြင်နေတုန်း ပိုင်လေးအနား ရောက်လာသော ကလေး၁ယောက်...

Airborne love {COMPLETED}Where stories live. Discover now