Part 15

1.2K 70 3
                                    

Zawgyi;;

ပိုင်လေးတစ်ယောက် အလုပ်ပြီးလို့ ကုတင်ပေါ်ထိုင်ကာ ကိုဘုန်းအကြောင်းပြန်တွေးနေရုံရှိသေး....

"ပိုင်လေး....ကိုကြီးပါ ခနလေး စကားပြောချင်လို့..."ဆိုတဲ့ ခွင့်တောင်းသံကြားတော့ ကုတင်ပေါ်က ထကာ တံခါးကိုဖွင့်ပေးလိုက်သည်။

ပိုင်လေးက သူ့အခန်းဆို လော့မချတာက များတယ်။

သို့ပေမယ့် PTK channelလွှင့်နေတဲ့ အချိန်ဆိုရင်တော့ အသံလုံစေရန်အလို့ငှာ lockချလေ့ရှိသည်။

"ဟုတ်....ကိုကြီး....ဘာပြောစရာရှိလို့လဲ..."

"ဒီနေ့....ပိုင်လေး အိမ်ပြန်နောက်ကျတယ်နော်.."
"ဟို...အဲ့ဒါကလေ.."

ပိုင်လေးဟာ လိမ်လည်းမလိမ်တတ်တာရယ် ကိုဘုန်းနဲ့ သူ့ရဲ အကြောင်းကိုလည်း ပြောဖို့ မဝံ့မရဲ ဖြစ်နေတယ်။

ထိုပုံစံကို ရိပ်မိတဲ့ မိုးမခကပဲ....

"ခနတုန်းက....အချစ်ငှက်နှစ်ကောင်ကို ခြံရှေ့မှာ တွေ့မိရသလိုပဲ...."

ထိုစကားကို ကြားတော့ ပိုင်လေးလည်း မျက်လုံးပြူးဖြင့် မိုးမခကို လှမ်းကြည့်ကာ ပါးစပ်ကလည်း...

"အယ်....ကိုကြီးက ဘယ်လို.."

"ကိုကြီးက မကန့်ကွက်ပါဘူး....ပိုင်လေးလည်း ကြိုက်တဲ့သူကို ချစ်ခွင့်ရှိတယ်လို့ ကိုကြီးပြောဖူးတယ်လေ....အခုတလော ငဘုန်းကို ကြည့်ရတာ ခြေငြိမ်နေပြီမှတ်နေလို့ ဘယ်သူ့အစွမ်းလဲလို့......
ကိုကြီးရဲ့ ညီအစွမ်းဖြစ်နေတာကို..."

"ကိုကြီးကလည်း..."

"ဟုတ်ပါပြီ....ကိုကြီးမစတော့ပါဘူး.....ငဘုန်းအနိုင်ကျင့်ရင်ပြောနော်....ကိုကြီး သွားထိုးပေးမယ်..."

"ဘယ်သူက ကိုဘုန်းကို ထိခိုင်းမယ်ပြောလို့လဲ..."

"အိုးဟိုး....ဟဟ...အခုထဲက ချစ်သူဖက်ကို ပါနေပါရောလား...."

"ဒါနဲ့ ကိုကြီး...ဒေါ်လေးမေနဲ့ လေးလေးကို အသိမပေးနဲ့ဦးနော်....အချိန်ယူပြီး ပိုင်လေးကိုယ်တိုင် အသိပေးချင်လို့.."

မိုးမခ ပိုင်လေးစကားကိုကြားတော့ ပိုင်လေးတောင် ရင့်ကျက်တဲ့အရွယ်ရောက်လာပြီလားဆိုတဲ့ အတွေး
ဝင်လာသည်။

Airborne love {COMPLETED}Where stories live. Discover now