Part 26

899 54 6
                                    

Zawgyi;;

ရက်တွေလည်းကြာခဲ့ပြီ.....

ကိုဘုန်းနဲ့မိုးမခလည်း Companyနဲ့အိမ် နေ့တိုင်းကူးရသည်။

ရုံးပိတ်ရက်တိုင်း Dateကြသည်။

ပိုင်လေးနဲ့ ကိုဘုန်းကတစ်တွဲသက်သက်....စိုင်းနဲ့မိုးမခနဲ့က သက်သက်ဖြစ်စေ....

နှစ်တွဲပေါင်း၍ Double dateကြသည်ဖြစ်စေ....

အခုတလော ကိုဘုန်းနဲ့ ကိုမိုးမခ ဘာတွေတိတ်တိတ်လေး တိုင်ပင် လုပ်ဆောင်နေကြသလဲမသိ....

အမြဲတမ်း တပူးပူးတတွဲတွဲနှင့်။
ထိုနှစ်ယောက်ကို ကြည့်ပြီး ပိုင်လေးနဲ့ စိုင်းမှာ အဖြေပင် မထုတ်နိုင်တော့...

ဘယ်လောက်ပဲ ရစ်အစ်ပြီး မေးမေး ဘာတစ်ခွန်းမှမထွက်လာခဲ့......

ပိုင်လေး ဒီနေ့မနက်အိပ်ယာထထဲက စိတ်လေးနေသလိုပင်.....
ကိုယ့်ဟာကိုလည်း သိပ်ပြီး ဘဝင်မကျ ဖြစ်နေသလို...

ဖြစ်နိုင်တာ ကိုဘုန်းမနက်စောစော သူ့ဆီမလာခဲ့လို့ပဲလား။

ခါတိုင်း ရုံးမသွားချိန် ပိုင်လေးအခန်းထဲလာပြီး ပိုင်လေးကို အဝကြည့်ပြီးမှသွားတတ်သည်။

ဒီနေ့မနက်က လူမရောက်လာခဲ့တာအသာထားဦး....messageလေးတစ်စောင်ပင်မရောက်လာခဲ့...

တွေးရင်း ခေါင်းရင်းမှာထားတဲ့ ဖုန်းက မြည်လာသည်။

သေချာပေါက်ကောက်ပစ်ဦးမယ်ဟုတွေးပြီး ပိုင်လေးမကိုင်ပဲပစ်ထားလိုက်သည်။

ရေချိုးခန်းထဲဝင် မျက်နှာသစ်ပြီး ထွက်လာသည်ထိ ဖုန်းလေးက အသံပေးမပြတ်....

ပိုင်လေးအခုမှသတိထားမိတာက တစ်ယောက်တည်းသော သူအတွက် ပေးထားတဲ့ Ringtoneလေးမဟုတ်ခဲ့ပေ...

ဖုန်းနံပါတ်ကလည်း အစိမ်းကြီး ဖြစ်နေတာကြောင့်
မကိုင်ဖူးလို့ တွေးလိုက်ပေမယ့်  ဆက်တိုက်မရပ်မနား ခေါ်နေတဲ့ပုံစံကြောင့် အရေးကြီးမည်ဟု ခန့်မှန်းမိသည်။

"ဟဲလို....."ဟု အစကပြုကာ ပိုင်လေးဖုန်းကို ပြန်ဖြေတော့ တစ်ဖက်က....

"ဟဲလို.....ပိုင်သွန်းခလား....မသိဘူး..."ဆိုတဲ့ မိန်းကလေးအသံ။

Airborne love {COMPLETED}Where stories live. Discover now