Part 8

1.4K 106 0
                                    

Zawgyi;;

ညနေက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကို့ဆီက ဘာဖြေရှင်းချက်မှ မရခဲ့သလို ဘာတောင်းဆိုခြင်းမှလည်း မပြုခဲ့ပါဘူး။

စနေ တနင်္ဂနွေ အဘွားဆီသွားလည်မှ သိလိုက်ရတာက  အကိုက လေယာဉ်ပြန်တက်သွားပြီတဲ့။

မတွေ့ရမှာ သိနေရက်တောင် အကိုက ပိုင်လေးကို ဖုန်းတစ်callမပြောနဲ့ messageတစ်စောင်တောင် ပို့ပြီး ပြောမပြခဲ့ဘူး။

ကိုယ့်ဖက်က အလွန်အကျူးတွေ တွေးထားတာ အကိုက ညီလေးတစ်ယောက်လိုလေ ငပိုင်ရဲ့...မင်းကို အရာရာပေးသိရလောက်အောင် မင်းက သူ့နဲ့ ဘာသက်ဆိုင်မှုမှ မရှိတဲ့သူလေဟု.....ပိုင်လေးတစ်ယောက်တွေးရင်း ငိုင်နေမိသည်။

"ဟျောင့်...ငပိုင်...ကိုကိုက ငါ့ဖို့ ဘာထည့်ပေးလိုက်သေးလဲ...ဟမ်....ငပိုင်ရေ..."ဆိုပြီး စိုင်းက ကျောပြင်ကို ဖြန်းကနဲ ရိုက်ချလိုက်မှ...

"နွားလေး...ကိုယ့်ဟာကို တွေးနေတဲ့ဟာကို..."

"ငါ ၁၀ခါလောက် ခေါ်ပြီး မေးနေတာကို အဖတ်မလုပ်တာလေ....အတွေးအိမ်ထဲမှာ ယောကျာ်းရနေတာလား.."

"ကြီးတော်ကြီးယောကျာ်းရ.....ဘာမေးတာတုန်း..."

"ငါ့ရဲ့ အသဲကျော် ကိုကိုမိုးမခက ဘာထည့်ပေးလိုက်လဲလို့..."

"ရော့..ဒီမယ်....မင်းအကြိုက် Miloတဲ့....Uni နောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး miloတောင် ဝယ်မသောက်တတ်တဲ့ သူအတွက်တဲ့.....
.
ဒီအတွဲကြားလည်း ရှုပ်လိုက်တာ...တစ်ယောက်ကလည်း အဖေကြီးကျ အကုန်လိုက်လုပ်ပေးနေ..ကျန်တဲ့ကိုယ်တော်ကလည်း သူငယ်နာမစင်တာလိုလို ဘာလိုလိုနဲ့...."

"ချစ်သူမထားဘူးတဲ့ နှစ်တစ်ထောင်FAက ရင်တွင်းခံစားချက်တွေ ဖော်ထုတ်ကုန်ပြီဟေ့...."

ဟုတ်ပါတယ်...ကိုကြီး မိုးမခက စိုင်းသူရအတွက်ဆိုပြီး နေ့တိုင်း မုန့်တွေကို ပိုင်လေးနဲ့ ပါးပေးလေ့ရှိပါတယ်။

(ပါး= လမ်းကြုံထည့်ပေးသည်။)

စိုင်းနဲ့ ကိုကြီးဇာတ်လမ်းက ထူးတော့ ထူးဆန်းသား။

ပိုင်လေးအမေဆုံးလို့ ကိုကြီး အိမ်လာနေတော့ကျောင်းကို  ခါတိုင်းလို ferryနဲ့ မသွားခိုင်းပဲ ကိုကြီးကပဲ အကြိုအပို့လုပ်ပေးတယ်။

Airborne love {COMPLETED}Where stories live. Discover now