Part 12

1.3K 87 2
                                    

Zawgyi;;

ဘုန်းမြတ်သွေးတစ်ယောက် ဝင့်လွှာဖြူကို လမ်းခွဲစကားဆိုပြီးထဲ ဘယ်ကောင်မလေးနဲ့မှ ထပ်မရှုပ်သလို ဘယ်သူ့နဲ့မှ အရောတဝင်မနေတော့။

သူပိုင်သမျှအချိန်တိုင်းကို ပိုင်လေးအား စားချင်သမျှကို ပို့ပေးလိုက် လည်ချင်တဲ့နေရာကို လိုက်ပို့ပေးလိုက်နဲ့ ကုန်ဆုံးစေတယ်။

အခုလည်း ပိုင်လေးအကြိုက် bubble teaဘူးကို ကိုင်ကာ ကားကိုမှီရင်း ပိုင်လေးUniဆင်းချိန်ကို စောင့်နေလေရဲ့။

ပြောရင်းဆိုရင်း ပိုင်လေးက ငစိုင်းရဲ့ပုခုံးကိုဖက်လျက် ထွက်လာပါပြီ။

ပိုင်လေးနဲ့စိုင်းတို့ လူညီတာလည်း မပြောနဲ့။

နှစ်ယောက်သားကိုယ်လုံးကိုယ်ပေါက်ကတူတဲ့အပြင် ဆံပင်ကလည်း တစ်ပုံစံထဲညှပ်ထားသေးတာ။
နောက်ကျောဖက်က ကြည့်ရင် အမြွှာနှစ်ယောက်အလားပဲ။

"ကိုဘုန်း....တော်ရုံshowပါ...မျက်လုံးကြီးလည်း ကျွတ်ကြနေဦးမယ်.."ဆိုပြီးစိုင်းသူရစလိုက်မှ ဘုန်းမြတ်သွေးလည်း ပိုင်လေးကို ငေးနေတာမှန်း အသိဝင်တော့တယ်။

ဒီလိုပါပဲ ကိုဘုန်းဆိုတာ ပိုင်လေးကိုမြင်ရင် ဘေးပတ်ဝန်းကျင်ကို မေ့သွားတတ်တဲ့သူမျိုး။

စိုင်းဘေးက ပိုင်လေးလည်း စိုင်းရဲ့ လက်မောင်းကို ရိုက်ကာ ရှက်ပြီး ခေါင်းလေးငုံ့နေလေရဲ့။

"ရော့...ကောင်လေး....bubble teaသောက်ချင်တယ်လို့ ဟိုနေ့ကပြောလို့.."

"အဟမ်း.....လူရှေ့လာပြီး love sceneတွေလာရိုက်နေတယ်။ကိုဘုန်း ကျွန်တော်ရော ဒီနေ့ပိုင်လေးနဲ့လိုက်မှာ...မေမေ(ကိုမိုးမခ အမေ)က တွေ့ချင်တယ်ဆိုလို့.."

"ဟုတ်ပါပြီ....တက်ကြ နှစ်ယောက်လုံး...."

ပိုင်လေးလည်း ခါတိုင်းထိုင်နေကြ ကိုဘုန်းဘေး lover seatမှာဝင်ထိုင်ဖို့ ရှေ့တံခါးဖွင့်မယ်အလုပ် စိုင်းက လက်ကို လှမ်းဆွဲပြီး နောက်ခန်းထဲ တစ်ခါတည်းခေါ်သွားလေရဲ့။

ကိုဘုန်းရဲ့ကားလည်း အိမ်ပြန်လမ်းကို ဦးတည်နေတုန်း စိုင်းက...

"ကိုဘုန်း.....ကျွန်တော်မေးစရာရှိလို့....
ပိုင်လေးကို ချစ်တယ်ဆိုတာ တကယ်လား...
ခါတိုင်းဇယားတွေဆိုလို့ကတော့ ရှေ့ဆက်မတိုးနဲ့နော်...
ကျွန်တော့သူငယ်ချင်း ကိုဘုန်းကြောင့် ငိုရလို့ကတော့ ကိုကို့မျက်နှာလည်း ကြည့်မှာမဟုတ်ဘူးနော်.."

Airborne love {COMPLETED}Where stories live. Discover now