Part 4

1.9K 132 0
                                    

Zawgyi;;

"ဒါဆို အကိုတစ်ခုမေးမယ်...ဖြေချင်မှဖြေပေါ့...
PTKဆိုတဲ့ONLINEမှာနာမည်ကြီးနေတဲ့ အသံပိုင်ရှင်က ကောင်လေးလားဟင်...."

"အကိုရယ် .....ဘယ်လိုဖြစ်နိုင်မှာလဲ.."

"ဟုတ်လို့လားကောင်လေးရယ်....အကိုကောင်လေးအသံကိုကြားကတည်းက ရင်းရင်းနှီးနှီးမှတ်မိနေတဲ့အသံပါ....PTKဆိုတဲ့သူလေးရဲ့ အသံနဲ့ ကောင်လေးအသံက တူတူပဲ...အမှန်အတိုင်းဖြေလိုက်နော်...အကြီးကို လိမ်တာမကောင်းဘူး...ကောင်လေးရဲ့"

"ကျွန်တော်က အခုချက်ချင်းကြီးကို ငရဲကြီးတော့မယ့်ပုံပဲ.....မစတော့ပါဘူးဗျာ..ပြောပြပါမယ်..ကျွန်တော်က အသံပိုင်ရှင်PTKပါပဲ....အကိုဆီဟိုနေ့က ဖုန်းဆက်တုန်း ကျွန်တော်ဘုန်းမြတ်သွေးပါလို့ ပြောတည်းက အကိုမှန်းသိတယ်...ဟီးဟီး..."

စကားပြောကောင်းနေတုန်း ဟိုကောင် မိုးမခ ဆီကဖုန်းဝင်လာတယ်။

"ဟျောင့်....ငဘုန်း...ပိုင်လေး မင်းအိမ်မှာမလား..ပြန်လာခိုင်းလိုက်ဦး..ဒီမှာငါ့ကို အမေက သူတူ့ကို တစ်ယောက်တည်း ပြန်လွှတ်ရမလားဆိုပြီး ပွားနေလို့.."

"အေး...အေး..."

ကျွန်တော်ဖုန်းပြောနေတာကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြည့်နေရှာတယ်ဗျာ...ဟက်..နဂိုကမှ ချစ်ဖို့ကောင်းပါတယ်ဆို...

"အကို...ကိုကြီးဆက်တာမလား...ဘာတဲ့လဲဟင်.."
"သြော်...ပြန်ခဲ့တော့တဲ့....ဒေါ်လေးက သူ့ကိုဆူနေလို့တဲ့.."

"အဲ့ဆိုပြန်တော့မယ် အကို...bye bye.."

"အကို ပြန်ပို့......" ပြောစကားတောင် မဆုံးသေး..ပြေးထွက်သွားတာ ကလေးတစ်ယောက်လိုပဲ

တစ်ဖက်အိမ်တွင်ကား....

ကျွန်တော်ပိုင်သွန်းခ အိမ်ဝလည်းရောက်ကော ကိုကြီးအော်သံကြားပါလေရော

"အမေကလည်း.....စိုင်းလေးက စိတ်ဆိုးနေလို့ပါဆိုနေ ပြီးတော့ ငဘုန်းကလည်း မေမေတို့နဲ့သိနေတာကိုဗျာ"

"နင်ဘာတွေရှုပ်ထားလို့ စိုင်းလေးက စိတ်ဆိုးတာမှန်းမှမသိတာ ....သိတဲ့သူမလို့ပဲ ဒီလောက်ပဲဆူတာပေါ့ သားဘုန်းပါလို့..မဟုတ်ရင် တစ်ယောက်တည်းတောင် ပြန်လွှတ်လိုက်မလားမသိဘူး.."

Airborne love {COMPLETED}Where stories live. Discover now