Part 16

1.1K 73 3
                                    

Zawgyi;;

ဘုန်းမြတ်သွေးလည်း ပိုင်လေးဆီကို ကျောင်းဆင်းချိန်ထက်စောကာ ရောက်နှင့်နေပြီ....

သူ့ကားဘောင်လေးကို မှီကာ ဟိုဟိုဒီဒီလျှောက်ကြည့်နေတုန်း...ပုခုံးကိုလာဖက်တဲ့သူကြောင့် မော့ကြည့်လိုက်တော့ ဟိုကောင်....မိုးမခ....

"Hello....ဘာလဲ ကလေးထိန်းလား.."ဟု ကိုဘုန်းစလိုက်တော့....

"သူများညီကို ရည်းစားစကားပြောပြီး အပိုင်ချုပ်ထားပြီးတော့များ...."

"အဟဲ.....ဒါတော့ကွာ...မင်းဘယ်လိုသိ..."

"ငါသိတာ မသိတာ အရေးမကြီးဘူး...ငါ့ညီမင်းကြောင့် မျက်ရည်တစ်စက်ကျကြည့် ငါသူငယ်ချင်းသော ဘာသော နားလည်မှာ မဟုတ်ဘူးနော်.."

"အေးပါ....စောင့်သာကြည့် ယောက်ဖရေ...."

ပြောရင်းဆိုရင်း ကျောင်းသူတွေကျောင်းသားတွေ ထွက်လာပြီ....

ကိုဘုန်းကော မိုးမခကော ချောလွန်းလို့ ကျောင်းက မိန်းကလေးတွေအကုန်လုံးရဲ့ အကြည့်တွေကို သိမ်းပိုက်ထားတယ်။

သူတို့နှစ်ယောက်ရပ်နေတဲ့ ကားနားကို ပိုင်လေးတို့ရောက်တာနဲ့ စိုင်းက မိုးမခကိုပင် မစောင့်...

ကိုဘုန်းကားနောက် ရပ်ထားတဲ့ ကားထဲကို တန်းဝင်သွားတယ်...

"ဘေ..."ဟု စကားတောင်မစလိုက်ရသေးသောမိုးမခမှာ ကြောင်တောင်တောင်နဲ့ ပိုင်လေးကို လှမ်းကြည့်တော့ လက်ညိုးလေးကို ကွေးပြကာ ပခုံးလေး ပင့်ပြလေသည်။

ထိုအခါမှ မိုးမခလည်း ကားထဲ မြန်မြန်ဝင်ရသည်။

ပိုင်လေးကို ကိုဘုန်းက ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေး....ခေါင်းတိုက်မှာစိုးလို့ လက်လေးကာပြီး ကားတံခါးပိတ်ပြီးမှ သူလည်း driver seatမှာဝင်ထိုင်လိုက်သည်။

"နေ့ဦး....ဘာလို့ အဲ့လောက်သန့်ပြန့်နေအောင် ဝတ်လာရတာတုန်း....ပြီးတော့ ဘာလို့ အပြင်မှာ ရပ်စောင့်နေတာတုန်း....လူဆီက အဖြေရပြီးပြီဆိုတော့ ပြန်ရှုပ်မလို့လား....."

"ဟဟ...ကောင်လေးရေ....သဝန်တိုနေပါလား....
ကို့နှလုံးသားလေး တစ်ခုလုံးက ဒီက ပိုင်သွန်းခဆိုတဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးဆီ အရေပျော်သွားပြီ....ထပ်ချစ်စရာမလိုတော့ဘူး.....ကိုချစ်တာကိုယုံနော် ချစ်တယ်ကောင်လေး..."

Airborne love {COMPLETED}Where stories live. Discover now