Part 22

1K 59 1
                                    

Zawgyi;;

ပိုင်လေး အိမ်ပြန်ရောက်တာနဲ့ အခန်းထဲဝင်ပြီး အသံမြည်နေတဲ့ဖုန်းကို အသံပိတ်ပြီး ကုတင်ပေါ်ထိုင်နေမိသည်....

ဖုန်းလေးက အသံပိတ်ထားသော်လည်း Vibrateလေးဆက်ဖြစ်ပြီး တဒူဒူမြည်နေတုန်း....

မပြတ်သားတဲ့ စိတ်ကြောင့် ပိုင်လေးဖုန်းလေးကို ကိုင်ကြည့်မိတော့ ကိုဘုန်းဆီမှ messageပေါင်းသောင်းခြောက်ထောင်နှင့် နီရဲနေသော missed callsများ....

ဖုန်းကိုင်ကာ တွေဝေနေတုန်း အောက်ထပ်က ဒေါ်လေးမေရဲ့ ကိုဘုန်းအိမ်အောက်ရောက်နေတယ်ဆိုတဲ့ အသံကို ကြားမိပါသေး......

"ကောင်လေး.....ကို ကလေးကို မတွေ့ရရင် မပြန်ဘူးနော်...."ဆိုတဲ့ messageလေးမြင်တော့ အောက်ဆင်းလာခဲ့တယ်....

ကိုဘုန်းအကြောင်းကို ပိုင်လေးအသိမို့ပင်...

ဒေါ်လေးမေကို ပြုံးပြပြီး ကိုဘုန်းကို အပြင်ထွက်ဖို့ ပြောလိုက်တယ်....

ခြံထဲရောက်မှ.......

"အကို...ဘာလာလုပ်တာတုန်း....."

"ကောင်လေး.....ကိုပြောပြမယ်....စိတ်အေးအေးထားပြီး နားထောင်နော်...."

"တော်ပါပြီ.....အကို့လိမ်ဆင်တွေကို ကျွန်တော်နားမထောင်ချင်တော့ဘူး....ပြန်လာမယ်ဆိုပြီး ပြောနေတဲ့သူကို မျှော်နေတဲ့သူတစ်ယောက် ရခဲ့တဲ့ရလဒ်က ဘာလဲသိလား.....ကောင်မလေးတစ်ယောက်နဲ့ သွားလာနေတဲ့ အကို့ကိုလေ.."

"ကိုယ်ပြောတာ နားထောင်ပေးလေ....ကိုယ်လိမ်မိတယ်ဆိုတာ...."

"တော်ပါတော့......ကျွန်တော် အကိုနဲ့ စကားမပြောချင်လို့ပါ...."

"ကို တောင်းပန်ပါတယ်...ကိုပြောတာလေး ဆုံးအောင် နားထောင်ပေးနော်....ကိုဘာလုပ်ပေးရမှာလဲဟင်..."

"ပြန်ပါတော့...."

"ကိုဘာလုပ်ပေးရမလဲဟင်..."

"လုပ်ချင်တာလုပ်.....ကျွန်တော်နဲ့မဆိုင်ဘူး...အပြတ်ပြောပြီးပြီနော်....ပြန်တော့.."

ပိုင်လေးလည်း ဘာပြောမိလို့ပြောနေမှန်းမသိတော့....အခန်းထဲပြန်ရောက်ထဲက ငိုပြီး အိပ်ပျော်သွားတာ...တရေးနိုးတော့ ညနေတောင် ရောက်ပြီ....

Airborne love {COMPLETED}Where stories live. Discover now