Part 29

1K 46 5
                                    

Unicode;;

ကိုဘုန်း နေတဲ့တိုက်ခန်းပြန်ရောက်တော့ မြတ်ကလျာဆီကဖုန်းဝင်လာတယ်...

"အေ...ပြော..."

"ကိုကို.....ဘာတွေလုပ်နေတာလဲ ရှင်းရအောင်လွှတ်လိုက်တာကို ဘာလို့ ပိုကြီးအောင်လုပ်လိုက်ရတာလဲ..."

"မိမြတ်.....ဘာတွေပြောနေတာလဲ...."

"ကိုကိုမသိသေးဘူးလား.....အခု Lineပေါ်မှာ ရေပန်းအစားဆုံးသတင်းက ကို့ကို့သတင်းဖြစ်နေပြီ....."

"ဘာသတင်းလဲ...ငါကြည့်လိုက်ဦးမယ်.....အဘွားကို ဂရုစိုက် ပြီးတော့မင်းကိုကိုပိစိကိုလည်း ဂရုစိုက်ပေးဦး...."

ကိုဘုန်း ဖုန်းချပြီးတာနဲ့ လိုင်းဖွင့်ကြည့်မိလိုက်ရုံနဲ့တင် မီဒီယာ ပေါင်းမျိုးစုံပေါ်တက်နေတဲ့ သူရဲ့သတင်း.........

"မြန်မာနိုင်ငံရဲ့ အကြီးဆုံး Airline MIA CEO       ကိုဘုန်းမြတ်သွေးရဲ့  မင်္ဂလာသတင်း....."ဆိုတဲ့ခေါင်းစီးနဲ့ ....

ဇနီးနေရာမှာ ထည့်ထားသော ဝင့်လွှာဖြူပုံများနှင့် ဝင့်လွှာဖြူနှုတ်မှ ထွက်ခဲ့ဟန်ရှိသော ဟန်ဆောင်ဇာတ်လမ်းများ.......ကလေးတစ်ယောက်၏ဖခင်အဖြစ်အမည်ခံလိုက်ရခြင်း.......

သတင်းတွေ့ပြီးလို့ မကြာလိုက်......အရာရာ၏ဖန်တီးရှင်ကြီးက ဖုန်းဆက်လာသည်။

"ကို.....ချစ်ကို စိတ်မဆိုးဘူးမလားဟင်....ချစ်ကို ပတ်ဝန်းကျင်က ဝိုင်းပြောနေတာနဲ့ ချစ်မခံချင်စိတ်နဲ့ လုပ်လိုက်မိတာပါ..."

"အင်းပါ.....မင်းစိတ်ချမ်းသာရင်ပြီးရော.....ကျေနပ်တယ်မလား..."

"ဟုတ်.....ကို့ကို ချစ်တယ်နော်....."
(ရွကိုရွတယ် မသာမ....)

မှန်းထားတဲ့အစီအစဥ်တွေမပျက်အောင် အချိုသတ်ပေါင်းရပေဦးမည်။

ကိုဘုန်း စားပွဲပေါ်တင်ထားသော မှန်ဘောင်လေးကို ကိုင်ကာ.....ပုံထဲက ကောင်လေးအား ရည်ရွယ်ပြောလိုက်မိသည်။

"ကောင်လေး......အချိန်တစ်ခုထိပဲ သည်းခံပေးနော်......ချစ်တယ်...."
.
.
.
.
.
.
.
.

ကိုမင်းတစ်ယောက် ဝင့်လွှာဖြူချိန်းထားတဲ့ဆိုင်ကို စောစောထွက်ကာ စောင့်နေမိသည်....
ဒီနေ့သူ့သမီးကိုပြန်ခေါ်မယ်....ပြီးရင်...စီစဥ်ထားတဲ့အတိုင်း....

Airborne love {COMPLETED}Where stories live. Discover now