Part 23

1K 61 5
                                    

Zawgyi;;

နေရောင်ခြည်လေးက ကမ္ဘာမြေပြင်ပေါ် တဖြောက်ဖြောက်ကျလျက်....

အခန်းထဲတွင် ရင်ခွင်ထဲတိုးဝင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးကို အမြတ်တနိုးဖြင့် ကြည့်နေသော ကောင်လေးလည်းရှိသည်။

သူ့လက်မောင်းပေါ် ခေါင်းအုံးကာ ပါးစပ်လေးဟစိဟစိဖြင့် အိပ်နေသော ပိုင်လေးကို ကိုဘုန်းကြည့်ပြီးဘအသည်းယားလာတာကြောင့် နှုတ်ခမ်းနှစ်ခု ထပ်တူပြုဖို့ ကပ်နေတုန်း....

"ကိုကိုရေ.....လေးလေးရောက်နေ....နေ.....ဟိဟိ....ငါ ဘာမှမမြင်ဘူးနော်.....သိလား..."

"မိမြတ်......သာသနာဖျက်မ....နင်...နင်..."

အခန်းတံခါးကို အတင်းဖွင့်ဝင်ကာ အာဗြဲလျာဗြဲအော်ကာ ဝင်လာသော မြတ်ကလျာကြောင့် ကိုဘုန်းအကြံပျက်သွားသည့်အပြင် ပိုင်လေးလည်း နိုးလာတာကြောင့် ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်သည်...

"လုပ်စရာရှိတာလုပ်လိုက်ဦး....ပြီးရင် အောက်ဆင်းခဲ့တော့နော်....လေးလေးစောင့်နေတယ်...."

မြတ်ကလျာထွက်သွားမှ ကိုဘုန်းလည်း ပိုင်လေးမေးလေးကို မတင်ပြီး...

"ပြွတ်....အား....ကောင်လေးရဲ့morning kissလေးကြောင့် အားအင်ပြည့်ဝလန်းဆန်းသွားပြီ..."

"အကို....သွားလည်း မတိုက်ရသေးဘဲနဲ့ ညစ်ညစ်ပတ်ပတ်....."

"သွားတိုက်ပြီးရင်ကော....မွလို့ရလား..."

"မဟုတ်ကဟုတ်က ပြောမနေနဲ့.....သွားမျက်နှာသွားသစ်ချေ..."

မျက်နှာသစ်ပြီး အောက်ထပ်ဆင်းလာတော့ ဘွားဘွားဘေးမှာ ထိုင်နေတဲ့ လူကြီးတစ်ယောက်..

တည်တံ့တဲ့မျက်နှာရယ် ညိုတိုတိုအသားရည်ရယ်ကြောင့် ခန့်ညားတဲ့ပုံကို ပိုပီပြင်စေသလို...

ဘွားဘွားနဲ့စကားပြောရင်း တစ်ချက်တစ်ချက်ပြုံးလိုက်ရင် ကိုဘုန်းနဲ့ တူသည်....

ပိုင်လေး ကိုဘုန်းရဲ့ အဖေကို တွေ့လိုက်တော့ ချွေးစေးတွေ ပျံလာသလိုလို....

ကိုဘုန်းကတော့ လက်ကလေးကို တစ်ချက် ညစ်လိုက်လို့ ပိုင်လေးခေါင်းမော့ကြည့်လိုက်တော့ အပြုံးလေးတစ်ပွင့်ဖြင့် နှစ်သိမ့်ခဲ့ပါသည်...

Airborne love {COMPLETED}Where stories live. Discover now