Part 28 {B}

945 49 10
                                    

Unicode;;

မြတ်ကလျာ ကိုဘုန်း ထွက်သွားထဲက  လက်ထဲ စာလေးကို ကျစ်ကျစ်ကိုင်ပြီး တစ်ဖက်အိမ်ကို ကူးခဲ့သည်......

ပိုင်လေးတို့အိမ်ထဲရောက်တာနဲ့ ဒေါ်လေးက အခြေအနေတစ်ခုခုဖြစ်နေတာကို သိတဲ့အလား....မြတ်ကို ပိုင်လေးအခန်းထဲ တန်းညွှန်လိုက်တယ်......

မြတ်လည်း အခန်းရှေ့ရောက်တာနဲ့ တံခါးခေါက်သော်လည်း အထဲက ပြန်လည်တုံ့ပြန်မှုမပြုတာကြောင့်.....

"ကိုကိုပိစိ......မြတ်ပါ.....ဝင်လာမယ်နော်..."

မြတ်ဝင်သွားတော့ ကုတင်ဘေးက ကြမ်းပြင်မှာ ဒူးလေးပိုက်ပြီး ဒူးလေးပေါ် ခေါင်းလေးတင်ပြီး တရှိုက်ရှိုက်နဲ့ ငိုနေတဲ့ ပိုင်လေးကို တွေ့လိုက်ရသည်.....

မြတ်လည်း ပိုင်လေးအနားသွားပြီး...

"ကိုကိုပိစိ......"

မြတ်အသံကြားတာနဲ့ ပိုင်လေး ခေါင်းထောင်လာပြီး ကျနေတဲ့ မျက်ရည်တွေကို မမြင်စေချင်တဲ့အလား အမြန်သုတ်နေသည်။

"ကိုကိုပိစိ.....မြတ်ရှေ့မှာမို့ ဖုံးကွယ်နေစရာမလိုပါဘူး....ကိုဘုန်းအစားမြတ်တောင်းပန်ပါတယ်.....ကိုဘုန်းက ဒီစာလေးပေးခိုင်းလိုက်လို့.....အိမ်မှာ ကိစ္စလေးရှင်းရဦးမှာမို့ ပြန်တော့မယ်နော်...."

ပိုင်လေးလက်ထဲ မြတ်အတင်းထိုးထည့်ပေးခဲ့တဲ့စာလေးကို စားပွဲပေါ်တင်ပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ရေချိုးလိုက်သည်......

ထမင်းစားပွဲပေါ်မှာ ကိုယ့်ကြောင့် ဒေါ်လေးမေတို့ လေးမောင်တို့ ကိုကြီးတို့ကို အနေမခက်စေချင်ဘူး......

ထမင်းစားပြီး အခန်းထဲဝင်ကာ လုပ်စရာရှိတဲ့ဟာလုပ်ဖို့ ကွန်ပျူတာလေးကို ဖွင့်လိုက်သည်.....

ထို့နောက် PTK channelလေးကို ဖွင့်ပြီး ......

"ဒီအစီအစဥ်ကို လုံးဝ ဖြတ်သိမ်းတော့မှာဖြစ်ပါတယ်ခဗျာ......အခုအချိန်ထိ အားပေးခဲ့ကြတာတွေ အသိအမှတ်ပြုပေးခဲ့ကြတာတွေအတွက်...ကျေးဇူးတင်ပါတယ်.....

တစ်ဦးတစ်ယောက် ကျွန်တော့ ဘဝထဲ ဝင်လာထဲက သူ့အတွက်သာ ရည်စူးပြီး သီချင်းတွေ သီဆိုခဲ့တာပါ.....

Airborne love {COMPLETED}Where stories live. Discover now