Part 13

1.1K 79 4
                                    

Zawgyi;;

ပိုင်လေးအတွက် ဒီနေ့ဟာ သိပ်ကို ပျော်စရာကောင်းနေတယ်။

အကြောင်းကား ဘုန်းမြတ်သွေးရဲ့ ကို ဒီနေ့ပြန်ရောက်မယ်နော် ကောင်လေး ဆိုတဲ့ messageတွေကြောင့်။

ကိုဘုန်းက သူအားတဲ့အချိန်တိုင်း messageလေးတွေပို့....လွမ်းကြောင်း..ချစ်ကြောင်းကို တဖွဖွပြောတတ်တယ်။

အမြဲလမ်းစောစောအိပ်ဖို့ ထမင်းကို အချိန်မှန်စားဖို့ သတိပေးနေတယ်။

ကိုဘုန်းကို ပိုင်လေးယုံလို့ရတယ်မလားဟင်.....

နှလုံးသားနဲ့ခင်းတဲ့ လမ်းကို ကိုဘုန်းလက်ကိုတွဲပြီး လျှောက်ရင် ပျော်ရွှင်မှာပါဆိုပြီး ဆုံးဖြတ်ထားပြီမို့....

ဒေါက်....ဒေါက်.....ဟုတံခါးခေါက်သံပေါ်လာပြီးနောက်...

"ပိုင်လေး....ကိုကြီးဝင်လာမယ်နော်...."ဟုပြောကာ မိုးမခ ပိုင်လေးအခန်းထဲဝင်လာတယ်။

"ကိုကြီး....ထိုင်လေ.....ဘာပြောစရာရှိလို့လဲ...."ဟုပိုင်လေးက မေးလိုက်တော့....

"ဒီနေ့ ငဘုန်းပြန်လာမယ်ကြားတယ်....အဲ့ဒါ...."ပြောလို့တောင်စကားမစရသေး ကိုကြီးဖုန်းဝင်လာလေသည်။

"ပိုင်လေး....ခနနော်..."ဆိုတော့ ပိုင်လေးလည်း ခေါင်းငြိမ့်ပြလိုက်တယ်။

ကိုကြီး ဖုန်းပြောနေတဲ့ပုံကို ပိုင်လေးကြည့်ပြီး လေးစားမိသည်။

ကိုကြီးဟာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ဆိုရင် ပျော်ပျော်နေတတ်ပေမယ့် အလုပ်ကိစ္စနဲ့ ပတ်သက်ရင် အလေးအနက်ထားတတ်တဲ့သူမျိုး။

ငစိုင်းကိုဆိုလည်း ကိုကြီးတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုပါ လိုလေးသေးမရှိ ချစ်ပေးတတ်တဲ့သူမျိုး။

ကိုဘုန်းကော ပိုင်လေးကို အဲ့လိုချစ်ပေးနိုင်ပါ့မလား။

ပိုင်လေးဆီက လိုချင်တဲ့ အဖြေရသွားရင် အရင်ကဂရုစိုက်သလို ဂရုမစိုက်တော့ရင်ကော။

"sorry ပိုင်လေးရေ......
လုပ်ငန်းချဲ့ဖို့ စီစဉ်ပြီး အဆောက်အဦးဆောက်နေတဲ့ နေရာက ပြဿနာရှိလို့ အဲ့တာ ကိုကြီး သွားရမယ်...
.ပြောစရာရှိတာနောက်မှပြောတော့မယ်...
.မေ့တော့မလို့....
ဒီနေ့တစ်ရက်တော့ ငဘုန်းကို စိတ်ပျော်အောင် လုပ်ပေးလိုက်ဦး.....သွားp..."ဆိုပြီး လောလောနဲ့ ထွက်သွားလေတယ်။

Airborne love {COMPLETED}Where stories live. Discover now