Part 14

1.1K 70 3
                                    

zawgyi;;

စားသောက်ဆိုင်ကနေ အိမ်ပြန်တဲ့တစ်လမ်းလုံး ခေါင်းငုံ့ပြီး လိုက်လာတဲ့ ပိုင်လေးတစ်ယောက်....

"ကောင်လေး....ဒီနေ့က ဘာနေ့လည်း သိလား...."
လို့ ကိုဘုန်းစကားစလိုက်မှ ပိုင်လေးခေါင်းလေးကို ခါပြကာ.....

"ဟင့်အင်း....ကိုကြီးကတော့ ဒီနေ့ အကို့ကို စိတ်ပျော်အောင်ထားလို့မှာလိုက်တယ်"

"ဒီနေ့ဟာ ကိုယ့်အတွက် အမှတ်ရချင်တဲ့နေ့ဖြစ်သလို မရှိသလိုသတ်မှတ်လိုက်ချင်တဲ့နေ့ဆိုလည်း ဟုတ်တယ်..."

ကိုဘုန်းပြောတဲ့ စကားကို ပိုင်လေး နားလည်မလိုနဲ့ ရှုပ်နေပြန်တယ်။

"ဘာလို့လဲဟင်..."

ထိုအခါ ကိုဘုန်းဆီက သက်ပြင်းချသံသဲ့သဲ့လေးကြားရတယ်။

"အင်း....လွန်ခဲ့တဲ့ ၁၅နှစ်ရဲ့ ဒီလိုနေ့မှာပေါ့......
အိမ်ကြီးထဲမှာ မွေးနေ့ကိတ်ရှေ့ ဖယောင်းတိုင်လေးထွန်းပြီး အိမ်ကိုပြန်လာမယ့် အမေနဲ့ အဖေကို စောင့်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။

ဒီနှစ်တော့ မိသားစု စုံစုံလင်လင်နဲ့ မွေးနေ့ကိတ်ခွဲရမယ်ဆိုတဲ့ အတွေးနဲ့ အဲ့ကောင်လေးဟာ ပျော်နေရှာနေတယ်။

သူအဲ့နှစ်မှာ ရခဲ့တဲ့မွေးနေ့လက်ဆောင်ဟာ သူ့ဘဝအတွက် အမှတ်တရအဖြစ်ဆုံးလေ.....
ဘာလက်ဆောင်လဲ သိလား......

အဖေနဲ့ အမေရဲ့ ကွာရှင်းစာချုပ်ရယ်.....
အိမ်ပေါ်ကနေ ဆင်းသွားပြီး သူမမြင်ဖူးတဲ့ ယောကျာ်းကြီးတစ်ယောက်ရဲ့ ကားပေါ်တက်သွားတဲ့ အမေဖြစ်သူကိုပေါ့......

အဲ့နေ့မှာ ကောင်လေးရဲ့ မိဘနှစ်ယောက်လုံး ဘယ်သူ့မှ သူ့ကို Happy birthdayလို့ မပြောပေးခဲ့ကြဘူး.....
အဲ့ကောင်လေးတစ်ယောက်ထဲ ညနက်တဲ့အထိ မွေးနေ့ကိတ်ကြီး ရှေ့ထိုင်ပြီး ငိုနေခဲ့တာပေါ့....."

ဝမ်းနည်းနာကျည်းစွာနဲ့ ပြောနေတဲ့ ကိုဘုန်းကို ကြည့်ပြီး ပိုင်လေးအတွေးတွေ ဘောင်ဘင်ခတ်နေပြီ.....

"အဲ့ဒီကောင်လေးက.....ဘယ်..ဘယ်သူလဲဟင်..."လို့ မဝင့်မရဲ ပိုင်လေးမေးခွန်းထုတ်ကြည့်မိတယ်။

"အင်း.....ကောင်လေးထင်နေသလိုပဲ....ကိုပဲပေါ့...
မချစ်မနှစ်သက်ဘဲ စီးပွားရေးအတွက်ပဲ လက်ထပ်ခဲ့တဲ့သူတွေရဲ့ အဖက်တင်တာပဲဖြစ်ခဲ့တဲ့ ကိုပေါ့..."

Airborne love {COMPLETED}Où les histoires vivent. Découvrez maintenant