Final

2.1K 61 0
                                    

Unicode;;

မဆုံသောလမ်း......
မင်းပဲရွေးချယ်သွားပြီး......
ကျန်နေသူကအရူးမီး.....
ဟေး.....လှည့်ကြည့်ဦး.....
မဆိုချင်ဘူးအလွမ်းနဲ့.....
မင်းဘဝအတွက်ချန်ခဲ့.......
မဆုံသောလမ်း........

"ဟေ့.....ကောင်လေး.....ဘာတွေမဆုံသောလမ်းနေတာတုန်း.....ခင်ဗျားလေးက ဒီကလူကိုပစ်ပြီး ဘယ်သူနဲ့ ထပ်ဆုံချင်သေးလို့တုန်း....."

ပိုင်လေးမနက်ခင်းရေမိုးချိုးပြီး ပါးစပ်ထဲ ရောက်ရာသီချင်းကို ဆိုနေခိုက် နောက်ကျောမှတစ်ဆင့်ပုခုံးကို လက်နဲ့ညှစ်ပြီး ဆူပုတ်ပုတ်နဲ့​ ကိုဘုန်းပြောလာသည်။

ပိုင်လေးလည်း ကိုဘုန်းကိုမျက်နှာမူကာ ရင်ခွင်ထဲတိုးဝှေ့ရင်း ခါးကိုလက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဖက်လိုက်သည်။

သို့သော် တစ်ဖက်မှပြန်လည်ဖက်ခြင်းမရှိ...
အဓိပ္ပါယ်က သူစိတ်ကောက်နေတယ်ပေါ့....

ဘယ်လောက်ပဲလူကြီးဆန်နေတဲ့သူဖြစ်ပါစေ အချစ်နဲ့ပတ်သက်လျှင် နူးညံ့တတ်သည်။
ကလေးဆန်တတ်ကြသည်မှာ အမှန်.....

ပိုင်လေးလည်း ချော့ရပေသည်။
"အကို...."
တစ်ခွန်းခေါ်ကြည့်သည်။သို့သော် မထူး....

"အကိုလို့...."
ထပ်ခေါ်ကြည့်သည်။မထူးပြန်....

"အကိုလို့ဆို...."
၃ခွန်းမြောက်ထိမထူးသေး.....

"ကို......ဟောဒီက ပိုင်သွန်းခရဲ့ နှလုံးသားပိုင်ရှင်လေးရေ....."

ကိုဘုန်းရင်ခွင်ထဲကနေ ခေါင်းလေးမော့ကာ အသံချိုချိုလေးဖြင့်ချော့နေသော ကောင်လေးကို အသည်းယားလွန်းလို့ ကိုက်စားပစ်ချင်စိတ်တောင်ပေါက်သည်။
သို့သော် ထိုကောင်လေးချော့တာ ရှားလွန်းလို့ ဘာအမူအရာမှမပြပေ။

ပိုင်လေးမူနေသောလူကြီး၏မေးဖျားကို ဖျတ်ကနဲနမ်းလိုက်သည်။

ထိုလူကြီးကတော့ ခေါင်းလေးငုံ့က နှုတ်ခမ်းကိုနမ်းရန်အချက်ပြသည်။
ပိုင်လေးလည်း ကိုဘုန်းရဲ့မျက်နှာနားကပ်ကာ နှုတ်ခမ်းနားရောက်ခါနီးမှ သူ့မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။

"တော်ပါပြီ......စိတ်ဆိုးနေတဲ့သူကို မနမ်းကောင်းဘူး....."

"ကောင်လေးက.....ကိုယ့်ကိုစတယ်ပေါ့....ရတယ်လေ....လာထား....."
ကိုဘုန်းလည်း ပိုင်လေးကို အတင်းချုပ်ပြီး ပါးနှစ်ဖက်ကို အားရပါးရမလွတ်တမ်းနမ်းနေသည်။

Airborne love {COMPLETED}Donde viven las historias. Descúbrelo ahora