Part 3

2K 144 4
                                    

Zawgyi,,

"သြော်....ကောင်လေးပါလား..အစ်ကိုကိုတွေ့တော့ လာနှုတ်ဆက်တာလား"

"ဟုတ်ဘူး...ကျွန်တော့ကိုနေရာလဲပေးလို့ရလားလို့ မေးမလို့..hee😁"

ခုံလဲချင်တာကို ချစ်စရာရုပ်လေးနဲ့တောင်းဆိုနေတဲ့ကောင်လေးပါပဲ...ဘာတွေတွေးနေတာလည်း ဘုန်းမြတ်သူရေ..ဟုတွေးပြီးခေါင်းခါမိသွားတော့ ကောင်လေးက သူ့ကို မလဲပေးနိုင်ဘူးထင်ပြီး...

"ဟိုလေ...ကျွန်တော်က အကို့ဘေးခုံမှာရတာ။အကိုက ပြတင်းပေါက်နဲ့ကပ်လျက်မို့လို့လေ...ကျွန်တော်က အလည်မှာထိုင်ရင် မူးတတ်လို့..ရပါတယ်..ကျွန်တော် ဒီမှာပဲထိုင်လိုက်ပါမယ်နော်..."ဟု မျက်နှာငယ်လေးနဲ့ပြောလာပြန်တယ်။

အဲ့ခါမှ ပြာသလဲလဲနှင့်...
"မဟုတ်ပါဘူးကွာ...အကိုက ကိုယ့်အတွေးနဲ့ကိုမလို့ပါ..လာလာထိုင်..အကိုက ကောင်လေးနဲ့ မိုးမခ ကြားထိုင်ရမှာမလား.."

"ဟုတ်...အဲ့ဒါဆို ကျေးဇူးပဲနော်☺️"

လေယာဉ်စတက်ကတည်းက အိပ်ပြီးလိုက်လာတဲ့ကောင်လေးပါပဲ..ချစ်တော့ချစ်စရာလေးဗျ...အဒေါ်ပိုးဖြူမွေးထားတာဆိုမှ ဒီလောက်တော့ရှိမှာပါပဲ

လူကြီးမင်းတို့စီးနှင်းလိုက်ပါလာသော လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်တော့မှာဖြစ်ပါတယ်ရှင်....ဆိုတဲ့ အသံကြားမှ ဘေးက ကောင်လေးကို နိုးရပြီ။

"ကောင်လေး...ထတော့..ရောက်ပြီ"
"အိ....ဝါး....ရောက်ပြီလား....မကြာသလိုပဲနော်.."

"ခင်ဗျားလေးက အိပ်ပြီးလိုက်လာတာကို...ဆင်းဖို့ပြင်ရအောင်..ဟျောင့်မိုးမခ ငါလည်းအိမ်ပြန်မှာမို့ အားလုံး  ကားတစ်စီးပဲ ငှားလိုက်တော့မယ်နော်"

"ဟီး ...ငါကချစ်ချစ်ဆီသွားဦးမယ်...သွန်းခ..ငါ့ညီ ဒီကကောင်ကြီးနဲ့လိုက်သွားလိုကတော့နော်"

"ဟုတ်...ကိုကြီး....ကျွန်တော့သူငယ်ချင်းစိုင်းကိုသာ ရအောင်ချော့ခဲ့ပါဗျာ"

"လစ်ဟေ့....မယကတွေလစ်"

"ကြောက်တာမဟုတ်ဘူးဟေ့ ...ချစ်တာ"လို့ပြောပြီး လစ်သွားတာကြောင့် ကျွန်တော်လည်းကောင်လေးကို အိမ်ရှေ့ထိချပြီး ကျွန်တော့အိမ်ဖက်ကူးတယ်။

Airborne love {COMPLETED}Where stories live. Discover now