Part 2

2.4K 160 1
                                    

Zawgyi;;

Zawgyi;;

တီ..တီ.....တီ...တီ...
ခေါင်းရင်းနှိုးစက်သံမြည်လာတာနဲ့ ထလိုက်ပြီး နိုးစက်ပိတ်လိုက်တယ်။

အချိန်ကြည့်တော့ စောသေးပေမယ့် မျက်လုံးကလည်းကြောင်နေတာကြောင့် လိုင်းပေါ်တက်လိုက်တယ်။

သူလေးက" ဒီနေ့ညSurpriseရှိတယ်နော်"ဆို   ပြီးတင်ထားတယ်ဗျ....

ဘာsurpriseဖြစ်မလဲဆိုပြီးတွေးနေတုန်း..ငယ်သူငယ်ချင်းဖြစ်သူ မင်းမခဆီက ဖုန်းဝင်လာတယ်။

BMT ; "အေ...ပြော မိန်းမရေ..လွမ်းနေပြီလား  ဒီကချစ်မောင်ကြီးကို"
MMK; "ကြီးတော်ကြီး မိန်းမပါလား။မင်းအခုဘယ်မှာလဲ"

"ငါလား အခု စင်္ကာပူမှာ flightက နောက်နေ့မှ တက်ရမှာမို့"
"အေ..ငါလည်း အခု အမေ့ကိစ္စနဲ့ စင်္ကာပူရောက်နေလို့..ငါ့ညီလေးလည်းပါလာတာ။သူကလည်ချင်တယ်ဆိုလို့ အဖော်ရအောင် မင်းကိုပါခေါ်မလို့ ငါ့ကောင်ရေ"

"မင်းက ဘယ်တုန်းက ညီရသွားတာတုန်း "

"တုံးတယ်လို့ပြောပြန်ရင်လည်း ဆဲဦးမယ်။ငါ့ဒေါ်လေးပိုးဖြူဆီမှာ သားတစ်ယောက်ရှိတယ်လေ။ဒေါ်လေးဆုံးသွားတော့ အိမ်မှာလာနေနေတာ။ငါဖုန်းဆက်တိုင်းပြောတယ်လေ အိမ်လာလည်ဖို့။မင်းကိုမင်း ဖွန်ကြောင်ဖို့ အိမ်မှာမနေဘဲ တိုက်ခန်းမှာ သွားနေတာလေ"

"အော်...အေးပါကွာ ပြီးရော ဘယ်မှာဆုံမလဲ "

"Bugis မှာစောင့်နေမယ်ကွာ နောက်မှ Sentosaဖက်ကူးရအောင်"
"အေးအေး ခနနေ ထွက်လာခဲ့မယ်...အဲ့ထဲက ဆိုင်မှာပဲ တစ်ခုခုစားရအောင်ကွာ"
"ok see ya brother"

မိုးမခ မိုးမခ ငယ်ငယ်ကတည်းက ပုခုံးဖက်ပြီးပေါင်းလာတဲ့ကောင်။အမေနဲ့အဖေကွဲပြီး အဘွားအိမ်လိုက်နေတော့ ဘေးအိမ်က ရွယ်တူကောင်လေးပေါ့။အတွင်းသိ အဆင်းသိတွေ။အဲ့ကောင်ပြောမှ အိမ်မပြန်တာ ကြာပြီမှန်း အမှတ်ရမိတယ်။ပြန်ရင်လည်း ညသန်းခေါင်မြှပန်ဖြစ်တာနဲ့ သူ့ဆီမရောက်ဖြစ်ဘူး။

အပြင်သွားဖို့ပြင်ဆင်ပြီးခါမှ ဒေါ်ဝင့်လွှာဖြူဆီကနေ ဖုန်းဝင်လာတယ်။

"ကို...ဒီနေ့ ဝင့်လွှာကိုခေါ်လည်လေ"
"SORRY;;ချစ် ကိုယ်ဒီနေ့သွားစရာရှိလို့ ဒါပဲနော်"ဆိုပြီး တိုတိုတုတ်တုတ်ပြောပြီး ချလိုက်တယ်။ဆက်ပြောနေရင် မပြီးနိုင်တဲ့ဇယားတွေနဲ့ ရစ်ပတ်နေဦးမယ်။

Airborne love {COMPLETED}Where stories live. Discover now