Part 21

1K 64 2
                                    

Zawgyi;;

ဘာလိုလိုနဲ့ ကိုဘုန်းနဲ့ ပိုင်လေးတို့နှစ်ယောက်တွဲနေတာ ၃လကျော်လို့ ၄လထဲရောက်လာပြီ။

ကိုဘုန်းနဲ့တွေ့ရင် ပိုင်လေး အခုထိ ရင်ခုန်တုန်း...
တွဲလာတာ ကြာလာတာနေ့အမျှ စိတ်ပျက်သွားခြင်း...အချစ်လျော့သွားခြင်းမရှိပေ...

တစ်ယောက်ကိုတစ်ယောက်ချည်ထားသော သံယောဉ်ဇဉ်ကြိုးများက အချိန်ကြာလေလေ ပို၍ခိုင်မြဲလေဖြစ်လာသည်။

တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ကိစ္စမျိုးနဲ့ ပိုင်လေးစိတ်ကောက်တာမျိုးတော့ရှိတာပေါ့........

ဘယ်သူနဲ့တွေ့တွေ့ လူကြီးဆန်ဆန်နေတတ်တဲ့ ကိုဘုန်းလည်း တစ်ခါတစ်လေတော့ ကလေးဆန်တတ်ပါသေးတယ်။

ဥပမာ တစ်နေ့လုံးသူ့ဖို့အချိန်ပေးထားပြီး ၁နာရီလောက်ပဲ GAMEဆော့နေတာကို ကိုဘုန်းဆီက ဖုန်းတွေကို ချပစ်တဲ့အခါကျ "ကိုက ကောင်လေးအတွက် ဂိမ်းလောက်တောင် အရေးမပါဘူးလား"ဆိုတာမျိုး.....

ခရီးကပြန်လာရင် ဟိုဖက်နိုင်ငံမှာ တွေ့ခဲ့တဲ့ ဝက်ရုပ်ပိစိလေးတွေကို ဝယ်ဝယ်လာတတ်သေးတယ်..

အကြောင်းပြချက်က ကောင်လေးကို လွမ်းရင် ဝက်ရုပ်လေးတွေ လိုက်ဝယ်ရတာ အကျင့်ဖြစ်နေလို့တဲ့.....

မနေ့ညကမအိပ်ခင်တော့ Messageလေးပို့ပါရဲ့....မနက်ဖန်ပြန်လာမယ်တဲ့ ဘယ်မှမသွားနဲ့တဲ့...ဒီတစ်ခေါက်ကော ဝက်ရုပ်တွေ ဘယ်နှရုပ်တောင်ပါလာမလဲမသိ....

အိပ်ခန်းထဲမှာလည်း ဝက်ရုပ်ပိစိတွေကြောင့် ဒေါ်လေးမေကတောင် ရိပ်မိနေပြီ....

တွေးနေရင်းနဲ့ ဖုန်းဝင်လာပြီ....မျှော်နေတဲ့ ဖုန်းလေးမှတ်လို့ အမြန်ထပြီး စာကြည့်စားပွဲပေါ်က ဖုန်းလေူကို ကောက်ကိုင်ကြည့်တော့....ဟိုကောင် ငစိုင်းဆီက ဖုန်းကြီး....

"ဟဲလို....ငပိုင်....မင်းဘာလုပ်နေတာတုန်း...."

"ဘာမှလုပ်ဘူး...."

"မင်းက အေးဆေးနေနေလိုက်....မင်းဘဲကြီးကို စော်တစ်ယောက်နဲ့ Junction cityမှာတွေ့လို့ ငါလိုက်ချောင်းနေတာ...."

"မဟုတ်က ဟုတ်ကတွေ.....အကိုက ဒီနေ့မှ ပြန်လာမှာ....ငါ့ကိုဂျင်းလာထည့်မနေနဲ့...."

Airborne love {COMPLETED}Where stories live. Discover now