Part 11

1.4K 78 3
                                    

Zawgyi;;

ဘုန်းမြတ်သွေးလာပို့တဲ့ ကြက်ကြော်ဘူးလေး ဖောက်စားနေတုန်း ပိုင်လေးတစ်ယောက် စာလေးပါတာသတိထားမိသွားတယ်။

အဲ့တာနဲ့ ပိုင်လေးလည်း အိမ်အောက်ထပ်မီးဖိုချောင်ထဲက ပန်းကန်ပြားတစ်ချပ် မြန်မြန်ဆင်းယူပြီး ကြက်ကြော်တွေ အကုန်ပြောင်းထည့်လိုက်တယ်။

ဘူးထဲမှာတွေ့ရတဲ့ စာလေးက.....

"ကောင်လေး......ချစ်တယ်.."တဲ့။

ပိုင်လေးတစ်ယောက် စာကိုမြင်တော့မှားဖတ်မိတာလားဆိုပြီး မျက်လုံးကို ပြန်ပွတ် ပြန်ဖတ်လိုက်နဲ့လုပ်နေတာ ၁၀ခါပင်ကျော်လာပြီ။

ကောင်လေးလို့ သုံးထားတာကြောင့် ကိုဘုန်းပဲဖြစ်နိုင်တယ်ဆိုတာ သူသိတယ်လေ။

အိမ်မက်ဖြစ်နေမှာဆိုးလို့ ပေါင်ကို ဆွဲဆွဲစိတ်ထရသေးတယ်။

စာကိုမြင်ပြီး ပျာယာတွေခတ်နေတုန်း...

ကိုဘုန်းဆီကနေ ဖုန်းဝင်လာခဲ့တယ်။

ပိုင်လေးရင်ဘတ်ထဲမှာ ကုလားပွဲဈေးကျင်းပနေတာကြောင့် ....

"ဟဲ..လို....အကို...ပြော...."ဆိုပြီး တုန်တုန်ယင်ယင်ဖြစ်နေလေရဲ့။

"အဟက်...ကောင်လေးစကားပြောပုံကြည့်ရတာ...အကို့စာကိုတွေ့ပြီးပြီထင်တယ်။
အကိုနောက်နေတယ်လို့ထင်ကောင်းထင်နိုင်တယ်...အဲ့ကြောင့် အကို အခုသေချာပြောမယ်နော်.."

"ဟို..ဟုတ်.."

"ကိုယ်က ရည်းစားများတယ် ဟုတ်တယ် ဒါပေမယ့် ကောင်လေးနဲ့တွေ့မှ ရင်ခုန်ခြင်းဆိုတာ သိခဲ့တာ။

ခါတိုင်း ကိုယ့်ကို ဘယ်လိုထင်ထင် ဂရုမစိုက်တတ်တဲ့သူက ကောင်လေးကိုယ့်ကို စိတ်ဆိုးမှာ မကောင်းမြင်မှာ တအားစိုးရိမ်မိတယ်....

အဲ့တာတွေ အားလုံးရဲ့ အဖြေက ကိုယ်ကောင်လေးကို ချစ်တယ်ဆိုတာပဲ။

ဘုန်းမြတ်သွေးရဲ့ ပိတ်နေတဲ့ နှလုံးသားတံခါးကို ပိုင်သွန်းခဆိုတဲ့ သော့လေးက ဖွင့်ပြီး အပိုင်ခိုးယူသွားပါပြီ။
ကိုယ်ကောင်လေးကို အလိုလိုက်ပေးချင်တယ်။

Airborne love {COMPLETED}Where stories live. Discover now