Part 18

1K 64 2
                                    

Zawgyi;;

ကိုဘုန်းချက်ထားတဲ့ မုန့်ဟင်းခါးက ပိုင်လေးအတွက် မမေ့စရာပါပဲ...

"ကောင်လေး....စားလို့ကောင်းလား..."
ပိုင်လေးလည်း အစားမပြတ် ခေါင်းလေးငြိမ့်ပြလေသည်။
ကိုဘုန်းက ပိုင်လေးဘေးနားကပ်ပြီး...
"အဲ့တာ ကိုယ့်အချစ်တွေ ထည့်ချက်ထားလို့..."

"အဟွတ်.....အဟွတ်...အဟွတ်..."

"ဟဲ့..ဘုန်းလေး....ရေပေးလိုက်ဦးလေ....ပိုင်လေးရယ် ငရုတ်သီးတွေ မတရားထည့်စားတော့ စပ်ကုန်ပြီပေါ့....ကြည့်ပါဦး မျက်နှာတွေလည်းနီလို့..."

ဘွားဘွားက အဖြစ်မှန်မသိပဲ မျက်နှာနီတာကိုငရုတ်သီးကြောင့်လို့ ထင်ပြီး ရေတွေသောက်ခိုင်း အချိုတွေ စားခိုင်းလိုက်နဲ့။

အကြောင်းသိတဲ့ ကိုဘုန်းကတော့ ပြုံးစိစိနဲ့ပေါ့။

ရုပ်ရှင်ရုံရောက်တော့....

"ကောင်လေး....ကိုလက်မှတ်သွားဖြတ်ခဲ့မယ်နော်...."

ကိုဘုန်း လက်မှတ်ဖြတ်ပြီးတော့ ပိုင်လေးစားရအောင်လို့ ပေါက်ပေါက်တွေကော အာလားကြော်တွေကော colaတွေကော အစုံဝယ်ခဲ့ပြီးမှ ရုံထဲဝင်ခဲ့သည်။

ပိုင်လေးဘာကားဖြတ်ခဲ့လဲမမေးမိ....ကြည့်ရင်းကြည့်ရင်းနဲ့ သဘောပေါက်လာတာက သရဲကားဆိုတာကိုပင်.....

ကိုဘုန်းကတော့ သရဲကားကြည့်ရင် ပိုင်လေးကြောက်တဲ့အခါကျ သူ့ရင်ခွင်ထဲ ဝင်လာမယ်ပေါ့...
(အယ်....အကြံဇိုးကြီးနဲ့🧐)

ကိုဘုန်းမသိသည်က ပိုင်သွန်းခဆိုတာ သရဲကို တစ်စက်လေးမှ မကြောက်တတ်သူမျိုး....
အခုလည်းကြည့်ဦး...သရဲပေါ်လာလို့ လူတွေထထအော်တဲ့အချိန်တိုင်း ပိုင်လေးက ပေါက်ပေါက်စားမပြတ်.....ပြီးတော့ပြောသေးတယ်....

"ကိုဘုန်း.....အဲ့သရဲကလေ လှလည်းမလှဘူးနော်....ဖြူဖြူဖွေးဖွေးကြီး...ဟိဟိ...."

ကိုဘုန်းမှာ ပိုင်လေးရဲ့ ပုံစံကို ကြည့်ပြီးရယ်ရခက်  ငိုရခက်နဲ့....

အပြန်ကားပေါ်တွင်....

"ကို.....ဟိုလေ....ပိုင့်ကိုလေ....ကီဝီရေခဲမုန့်လေး မဝယ်ကျွေးချင်ဘူးလား..."

Airborne love {COMPLETED}Where stories live. Discover now