အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

3.9K 276 4
                                    

အပိုင်း (7)

နေရောင်က မျက်နှာပေါ်ကို ဖျာကျလာတယ်...... သူ့လန့်ပြီး နိုးလာတော့တယ်.... သူမသေ သေပါလား......

"အား...... ကျွတ်....ကျွတ် ကိုက်ခဲနေတာပဲ..... မနေက ရေစိုနေတဲ့ အဝတ်အစားကို မလဲလိုက်လို့ ဖြစ်မယ်.....
ပြီးမှပဲ ဆေးသောက်တော့မယ်..... လုပ်စရာ ရှိတာ အမြန် လုပ်ရမယ်..... နို့မို့ အပျင်းထူးတယ် ဆိုပြီးပြောနေမယ်...."

တစ်ယောက်တည်း ပွစီပွစီပြောရင်း အလုပ်လုပ်နေမိ တယ်......

"ရှောင်ကျန့် နင့်ထွက်ခဲ့..... ဒီအချိန်ထိ ဇိမ့်ယူနေတယ် ဟုတ်လား......"

"မဟုတ်ပါဘူး မမလေးမင်း ဘာခိုင်းမို့လဲ..... ​ပြောပါမမ လေး......."

"အေး.....ငါတို့ စျေးထွက်ဝယ်မလို့ ပစ္စည်းလိုက်ဆွဲပေး ရမယ်....."

"ဟုတ်ကဲ့......ကျွန်တော် အခု လာခဲ့ပါမယ်...... "

ဧည့်ခန်းထဲမဝင်ခင် လူတစ်ယောက်ကို တွေ့တော့......... မဝင်သေးဘဲကြည့်နေမိတယ်......ပြီးတော့ ပြန်ရှောင် ထွက်လာခဲ့တယ်...... ပျော်ပါစေသခင်လေး........ သခင်လေးချစ်တဲ့ သူနဲ့ ထာဝရပေါင်းဖက် နိုင်ပါစေ.......

အပြင်သွားရန် ပြင်ဆင်လာပြီး အိမ်ထဲမှ ထွက်လာတဲ့
ကျင်လျန် ကနေ ...........

"အစ်ကို ရှဲရဲ့ဖုန်း ပြန်ရောက်လာတာ...... ပြောတောင် မပြော ဘူးနော်...... အစ်ကို လက်ဆောင်တွေပါလား....."

"ဟုတ်တယ်...... ညီမအတွက်အစ်ကို သီးသန့် ဝယ်လာ တာ...... ဒါနဲ့ ညီမတို့ ဘယ်သွားမို့လဲ..... "

"စျေးဝယ်ထွက်ဖို့...... လိုက်ခဲ့ပါလား အဖော်ပေါ့ ဟင်းဟင်း..........."

"အင်း...... အစ်ကိုလည်း လိုက်ခဲ့မယ်......."

"ရှောင်ကျန့် မလာသေးဘူးလား ဘယ်ရောက်နေတာလဲ......"

"လာပါပြီ မမလေးကျင်......ကျွန်တော်ရောက်ပါပြီ....... "

"အေး...... သွားဖို့အရေး လိုက်စောင့်နေရတယ်......လာ ရှဲသခင်လေး......."

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now