အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

2.8K 195 11
                                    

အပိုင်း (39)

Yibo အပြောကြောင့် မင်းမင်းလန့်သွားတယ် သူမတို့ အ ကြောင်း စုံစမ်းနိုင်တယ်ဆိုတော့ ဘယ်တုန်းကသူမတို့ နောက်ကြောင်းကို သိသွားတာလဲ....... yibo ဆိုတဲ့ သူက ဘယ် လိုလူမျိုးမို့ သိနေရတာလဲ တကယ်မှာ သူမ မိသားစု ဝင်တွေ တောင် ဒီအကြောင်းတွေကိုမသိကြပေ....... ဘယ်လို သိတာလဲ ဒီထက်ရှေ့ဆက် တိုးဖို့ ဆိုအရှက်ကွဲ နိုင်ပေတယ်.........

"ဘာလဲ......မှန်နေတော့ လန့်သွားတာလား ပြန်ချေပချင်ရင် ရတယ်နော်....... ချေပစရာ စကားရှိသေးလား........ မင်းတို့ သိသင့်တယ် အစောပိုင်းက ကျန်ကျန့်လေးကို ပြောတုန်းက မင်းတို့တွေ ကိုယ်ချင်းစာပေးနိုင်ကြရဲ့လား....... "

"ငါ့တို့က ဘာလို့ အဲဒီကောင်ကို ကိုယ်ချင်းစာပေးရမှာလဲ..... သူလို့ အောက်တန်စားနဲ့ ငါ့တို့တွေကို ဘာလို့ လာပြီးခိုင်းနှိုင်း နေတာလဲ....... ပြီးတော့ ပြောလိုက်ဦးမယ် အခုလို ငါတူမနဲ့ ဒီလို အောက်တန်းစာကောင်က မပတ်သတ်ဘူးဆိုတော့ ကောင်းတာပေါ့........."

"ဒါပေါ့ ခင်ဗျာတို့က ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ သူဆိုတော့........ တူမက အရမ်းကို မြင့်မြတ်နေတာဆိုတော့ ရွှေလို ဥထားလိုက်ပါဦး ခင်ဗျာတို့ရဲ့ မြေးအတွက် ဂုဏ်ယူပါတယ်နော်......"

"Yibo နင့်နဲ့မဆိုင်တာတွေ ပြောမနေနဲ့နော်..... ဒါက ငါ့တို့ ရဲ့ အိမ်တွင်းရေး နင့်ပါဝင်စရာ မလိုဘူး..... ပြီးတော မဟုတ်တာတွေ မပြောနဲ့နော်......."

"ဟုတ်တယ် မောင်ရင် ဘာတွေ ပြောနေတာလဲ......ဘယ်ကမြေးလဲ....... "

ကျိုးမုန့်မင်က ဝင်ပြီးမေးလိုက်တော့..........

"သြော်...... မသိသေးဘူးထင်တယ်..... ခင်ဗျာရဲ့ တူမ မင်းမင်းမှာ ကျင်ရွှမ်းနဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီလေ....... တော် ကြာ အဲဒီကိစ္စက ကျန်ကျန့်ကြောင့်လို့ အသံထွက်လာမှာ ဆိုးလို့ ကြိုပြီး ပြောထားတာလေ...........ပြီးတော့ ငါ့ကြားတာက အဲဒီကောင်လေးက မင်းကို တာဝန်မယူနိုင်ဘူးလို့ အသံကြားတယ်....... ပြီးတော့ အဲ့ဒီကောင်လေးက ချင်အိမ်တော် က ဒုတိယ သမီးနဲ့ မကြာခင် လက်ထပ်တော့မယ် ကြားတယ် မင်းအတွက် စိတ်မကောင်းစရာပဲ.........."

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Dove le storie prendono vita. Scoprilo ora