အပိုင်း (12)
"သွားမယ် ကျန်ကျန့်....... လာလေ......ကိုယ့်ကို စိတ်ဆိုး အောင်လုပ်နေတာလား....."
သူခေါ်တာကို ယုန်လေးကနေရာကနေ လုံးဝ မလှုပ် တော့... မေးလိုက်မှ........
"မဟုတ်ပါဘူး...... ကျန်ကျန့်လမ်းလျှောက်လို့ မရလို့..... ခြေထောက်ကမရွေ့ဘူး......"
မျက်ရည် လေးတွေ ဝဲပြီး..... ပြောလာတဲ့ ယုန်လေးကြောင့် သူဘာမှ မပြောတော့ပေ.... ကြည့်ရတာ အကြောက်လွန် ပြီး........ ဖြစ်သွားတာပဲ..... နောက်ဆို သူသတိထားရ တော့မယ်.... ဒီလို ဖြစ်ရပ်မျိုး ထပ်ပြီးမဖြစ်ရအောင်..... နေရာမှ ဒီတိုင်းလေးရပ်နေတဲ့ ယုန်လေးကို ပွေ့ချီလိုက် တော့.......
"လူတွေ အများကြီး ရှိနေတယ်...... အရှက်ကွဲလိမ့်မယ်..... yibo အောက်ကို ပြန်ချပေးပါနော်..... "
"မင်းမှ လမ်းမလျှောက်နိုင်တာ...... ကိုယ့်အောက်ချပေးလို့ မဖြစ်ဘူးလေ......."
မချို မချဥ်ပြုံးဖြင့် ပြုံးပြီးပြောတဲ့ yiboကြောင့် ဘာမှ ဆက်မပြောပဲ ငြိမ်နေလိုက်တယ်......
"ရှက်ရင် ခေါင်းကို ကိုယ့်ရင်ခွင်ထဲ ခေါင်လေး အပ်ထား...."
Yiboမျက်လုံးထဲမှာ ယုန်လေးရှက်နေတာက အရမ်းချစ်ဖို့ ကောင်းတယ်..... ဒီနေ့ သေချာသွားတဲ့ ဆုံးဖြတ်ချက်က ဘယ်သူကိုမဆို ရင်ဆိုင်မယ်........သူဆီကနေ ကျန်ကျန့်ကို
ဘယ်သူမှ ခေါ်သွားခွင့် မပေးဘူး........Market အပေါ်ဘက်မှာတော့ ရှင်မီးတစ်ယောက် အံကြိတ် ပြီး သူမရှေ့က မြင်ကွင်းကို ကြည့်ပြီး ဒေါသဖြစ်နေပေ တယ်......
"အပွဲပွဲနွှဲလာခဲ့ သမျှ ဒီတစ်ယောက်ကြောင့် သူမ ကျရှုံးရမှာ လား....... တောက်....."
"ဒီလို မကျေနပ်ဖြစ်ရုံ လောက်နဲ့ ခင်ဗျာ ချစ်သူ ပြန်ရမယ် ထင်လား...... ခင်ဗျာ ပညာပြန်ပေးသင့်တယ် မထင်ဘူး လား......."
"မင်းက......."
"ကျွန်တော်ကို မမှတ်မိဘူး ထင်တယ် ကျွန်တော်က ကျိုး အိမ်တော်က မုန့်ထန်ရဲ့ သား ထန်ရာလေး ဒီကို ပြန်လာတာ တောင် သိပ်မကြားသေးဘူး...... ဒါကြောင့် ခင်ဗျာ မသိတာ ထင်တယ်......."
YOU ARE READING
အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete)
Fanfictionငါ့မင်းကို ချစ်တယ် ငါ့ရဲ့ အချစ်ကြောင့် မင်းရဲ့ ဘဝကို အေးချမ်းစေရမယ် ငါ့ဆီကို လာပြီး ငါ့ရင်ခွင်မှာ မှေးစက် နားခိုးလှည့်ပါ..... Wang Yibo ကိုယ်မကျူးလွန်ခဲ့တဲ့ အပြစ်ကို တရားခံပါ ဆိုပြီးနှို...