အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

2.9K 196 4
                                    

အပိုင်း (31)


ဖန်ရှင်းခိုင်းတာကို မပြောတာက yiboနဲ့ သူမကို ပြဿနာ မဖြစ်စေလိုဘူး..... yiboက သူမကို အရမ်းချစ်တာလေ.... သူမကလည်း ဒီလို ဖြစ်မယ် မထင်လို့ ခိုင်းခဲ့တာကို သူမအား yibo အပြစ်မြင်သွားအောင် မပြောသင်ပေ..... အခု သူနေ တဲ့ နေရာက သူများဆီမှာ ကပ်နေရတာလေ ကိုယ် ဘဝကိုယ် သိသင့်တယ်လေ....... ပြီးတော yiboလည်း သူပြော လိုက် လို့ နာကျင်ခံစားနေရမှာလည်း မလိုချင်ပါ........ နတ်သမီး လိုလှတဲ့ ဖန်ရှင်းကလည်း သူအပေါ် အရမ်းကောင်းတာမို့ အားလုံးကို ပြဿနာ မဖြစ်စေလိုပါ....... ဒါကြောင့် မပြော တော့ပေ...... yiboလည်း ယုံသွားတဲ့ ပုံပင် ဘာမှ သူကို ထို ကိစ္စနဲ့ ပတ်သတ်ပြီး ထပ်မပြောတော့ပေ.......

သူမ ရှောင်ကျန့် ပြဿနာ ဖြစ်ပြီး တည်းက ငြိမ်နေလိုက် တယ်....  yibo ကို ကြည့်ရတာ သူမကို နည်းနည်း သံသယ ဝင်နေတယ်လို့ ခံစားရတယ်....... သူမ အရမ်းကြီး လှုပ်ရှား လို့မရပေ....... တစ်ခုခု ကြံစည်ရမယ်...... ထိုအချိန် အိမ် ရှေ့ကို ကားလေးတစ်စီး ရပ်လာပြီး ကားပေါ်မှ အမျိုးသမီး နှစ်ယောက် ဆင်းလာကြတယ်......

"ဘယ်သူနဲ့ တွေချင်လို့လဲရှင်....... "

"သြော်..... ကျွန်မက yiboနဲ့ တွေ့ချင်လို့ပါ...... "

"အဲ့ဒါဆိုရင် သူမရှိဘူး...... အပြင်သွားတယ်..... နောက်မှ  တစ်ခေါက် ပြန်လာပါလား....... ကြာမယ်ပုံပဲ......"

"ရပါတယ်...... ကျွန်မက yiboရဲ့ ရည်စားပါ အခုက မင်္ဂလာဖိတ်စာ လာဖိတ်တာလေ....... စကား ပြောရင် နဲ့ ပေါ့ ကျွန်မဒီမှာပဲ စောင့်နေလိုက်ပါမယ်........ ခါတိုင်း လည်း လာနေနေကြဆိုတော့ အဆင်ပြေပါတယ်........ စောင့်လို့ရမယ်လို့ ထင်တယ်......ဒါနဲ့ ရှင်ကို ခါတိုင်း မတွေ့ သလို့ပဲ yiboနဲ့ ဘာတော်တာလဲ......"

စကားကို အထက်ဆီက ပြောလာတဲ့ မိန်ကလေးရဲ့ လေသံကို သိပ်မကြိုက်ပေ...... အရမ်းကို မောက်မာတာပဲ...... ဒီလို မိန်ကလေးနဲ့ ရည်စားဖြစ်လာတာ အံသြမိတယ်..... ဘာ ကြည့်ပြီးများ ကြိုက်တာဘာလိမ့်.......

"စောင့်ချင်ရင် စောင့်ပါ ယူတို့အတွက် အအေးလာပို့ ခိုင်း လိုက်မယ်........"

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now