အမှောင်လမ်းမှ ကယ်တင်ရှင် (U+Z)

2.8K 184 5
                                    

အပိုင်း (47)

ကျန်ကျန့်လေးအခန်းထဲက ပြန်ထွက်လာပြီး ပြဿနာ နောက်တစ်ခုကို ဖြေရှင်းရအုန်းမယ် ဖန်ရှင်းကို ရှာရန် အတွက်ဖြစ် တယ်........ မီးဖိုးခန်းထဲတွင် တစ်ခုခုလုပ်နေတာတွေ့တော့...

"ဖန်ရှင်း တို့တွေ စကားနည်းနည်းလောက် ပြောကြ ရအောင် ခဏလောက် လိုက်ခဲ့ပေးပါလား........"

သူမခေါင်း ငြိမ့်ပြပြီး ........

"ငါ့ဒါလေးပြီးရင် လာခဲ့မယ်...... "

"ဟုတ်ပြီ....... ကိုယ်ဧည့်ခန်းထဲက စောင့်နေမယ် မင်းလိုက် လာခဲ့လိုက်ပေါ့ ဟုတ်ပြီးလား......."

Yiboထွက်သွားမှ သူမ မျက်ရည်က ကျလာတယ်....... အန်တီပြောလို့ သိပြီးသွားပြီး....... အစီအစဥ် မအောင်မြင် ကြောင်းနဲ့ သူမတို့ ကြံထားတာ yibo သိသွားတာ ရှောင်ကျန့် ဆိုတဲ့ ကောင်လေးကို မမောင်း ထုတ်လိုက်နိုင်တာတွေ ပြီးတော့ရှောင်ကျန့်ကို လူကြားထဲ အရှက်ခွဲတာ မအောင်မြင်တာသူမကို သိထားရန် ‌ပြောထာ့းခြင်း ဖြစ်တယ် ကြိုတင်ပြင်ဆင်ထားရန် ဖြစ်တယ် yiboက အရမ်းကို ပါးနပ်တာပဲတဲ့....... အခု လာခေါ်တာလည်း ဒီကိစ္စပဲ ဖြစ်လိမ့်မယ်.....

"ငါ့လေ နင့်ကို ချစ်လွန်းလို့ မှားခဲ့တာပါ yibo ဒါကို နင် နားလည်ပေးသင့်တယ်.........."

ဘာပဲ ဖြစ်လာပါစေ ငါ့လက်ခံရဲတယ် ဒါပေမဲ့ ငါ့နောက် ဆုတ်ဖို့ ဘယ်တော့မှ မတွေးဘူး...... စိတ်ထဲက ပြောရင် yibo ဆီလျှောက်လာပြီး....... ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး......

"နင့်..... ငါကို ဘာပြောစရာရှိလို့လဲ yibo......."

"အေး...... ဒီနေ့ ဖြစ်သွားတာ နင့်သိပြီးသား ဖြစ်လိမ့်မယ်လို့ ငါ့ထင်တယ်....... ဒါကြောင့် ငါ့ စကားကို အရှည်ကြီး မပြောတော့ဘူး...... "

"ဒါပေမဲ့ ဒီကိစ္စက...... ငါမသိပဲအန်တီလုပ်သွားတာ အခုနင့်နဲ့ ဖြစ်သွားတဲ့ ကိစ္စကို အခုမှ သိလိုက်ရတာ တကယ် မသိလိုက်တာပါ......."

မျက်ရည်ဝဲကာ ပြောလိုက်တယ်...... သူမ မတရားခံရတဲ့ ပုံစံလေးနဲ့ သနားအောင် သူမပြောလိုက်တယ်.......

အမှောင်လမ်းမှ ကယ်တင်ရှင် (or) နှလုံးသားရဲ့ အရှင်သခင်(Complete) Where stories live. Discover now